ဦးကျော်သူကတော့ သမီးဖြစ်သူ မြင့်မိုရ်ဦးအတွက် မွေးနေ့ဆုတောင်းစကားလေး ဆိုပေးထားပါတယ်။ ကျော်သူရဲ့ မွေးနေ့ဆုတောင်း စကားလေးဟာလည်း ဖတ်ကြည့်တဲ့သူတွေအဖို့ သမီးအကြောင်းသာမက ကျော်သူ့အကြောင်းကိုပါ မြင်နိုင်တဲ့ အရေးအသားမျိုးလေးတွေနဲ့ ရေးသားထားပါတယ်။

မွေးနေ့ဆုတောင်းစကားလေး မရေးခင်မှာ ကျော်သူဟာ သမီးဖြစ်သူအကြောင်းလေးကို ယခုလို ချီးမွမ်းထားတာ တွေ့ရပါတယ်။

မြင့်မိုရ်ဦးရဲ့ မိခင်ရွှေဇီးကွက်ဟာ ယောကျာ်းလေးတစ်ယောက် မိန်းကလေး တစ်ယောက်ကို မွေးဖွားခဲ့သူဖြစ်ပြီး သူမကတော့ သားယောက်ျား လေး သုံးယောက် ထွန်းကားခဲ့သူ ဖြစ်တယ်တဲ့။ အဲ့လိုပဲ ဖခင်ဖြစ်တဲ့ ဦးကျော်သူဟာ ဘွဲ့မရခဲ့ပေမယ့် သူမကတော့ ဆရာဝန်မကြီး တစ်ဦးဖြစ်ခဲ့သလို ကရာတေးခါးပါတ်အညို ရထားသူလည်း ဖြစ်တယ်တဲ့ ။ မြင့်မိုရ်ဦးဟာ ရေကူးချံပီယမ် တစ်ဦးလည်း ဖြစ်ခဲ့ပြီး အရာရာမှာ မိဘများထက် သာလွန်မြင့်မားထက်မြတ်တဲ့ မိန်းကလေး တစ်ဦးဖြစ်တယ်ဆိုပြီးတော့ ရေးသားထားပါတယ်။

play

 

နိုဝင်ဘာ(၂၁)ရက်နေ့ ဒီနေ့ဟာ ကျော်သူရဲ့ သမီးဖြစ်သူ မြင့်မိုရ်ဦးရဲ့ မွေးနေ့ဖြစ်သလို (၁၀)နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့လည်း ဖြစ်တယ်လို့ ကျော်သူက ပြောပြထားပါတယ်။ သမီးအတွက်ကိုလည်း ယခုလို မွေးနေ့ဆုတောင်းစကားလေးလည်း ပြောပြပေးထားပါတယ်။

"ယနေ့သူမတို့၏(၁၀)နှစ်မြောက်မင်္ဂလာနှစ်ပါတ်လည်နေ့ဖြစ်သလိုသူမ၏မွေးနေ့လည်းဖြစ်သည်။

ကောင်းမှုမှန်သမျှ အရာရာကို မိဘများထက် သာလွန်ထက်မြက်သော အမည်မြင့်မိုရ်ထက်သာလွန်ဦးထိပ်ထားသော အကြင်လင်မယားအဖြစ် လောကကောင်းကျိုး ထမ်းရွက်ပေးဆပ်ရင်းဖြင့် ပရဟိတသီရိဂေဟာကြီး တည်ဆောက်နေထိုင်သွားနိုင်ပါစေ သမီးနဲ့သား မြေးငယ်လေးတို့ရေ။

(ဖေဖေကျော်သူ မေမေရွှေဇီးကွက်)" ဆိုပြီး ရေးသားထားပါတယ်။

play

 

မင်္ဂလာနှစ်ပတ်လည်နေ့လည်း ဖြစ်တာကြောင့် ယခုလိုလေးလည်း ဆုမွန်ကောင်း တောင်းပေးထားပါတယ်။

"သမီးလေး မြင့်မိုရ်ဦးနဲ့ သား ကျော်ကိုကိုဇင် Dicky Zin တို့ရဲ့ ဆယ်နှစ်မြောက် မင်္ဂလာ သက်တမ်းမှ နှစ်ပေါင်းများစွာတိုင်အောင် မိသားတစ်စုလုံး ကိုယ်စိတ်နှစ်ပါး သာယာချမ်းမြေ့ကြပါစေ။

တစ်ဦးနဲ့တစ်ဦး မကောင်းမှု အကုသိုလ်တရားတွေကို ရှောင်ကျဉ်ဖြစ်အောင်၊ ကောင်းမှု ကုသိုလ်တရားတွေကို ဆောင်ယှဉ်ဖြစ်အောင် အပြန်အလှန် သတိပေး ဖေးမကူညီ စောင့်ရှောက် နိုင်ကြပါစေ။

သားနဲ့ သမီးတို့ရဲ့ ရင်သွေးလေးတွေကို လောကီပညာအမွေ၊ စည်းစိမ်ဓနဥစ္စာအမွေတို့သာမက ဗုဒ္ဓသာသနာ လောကုတ္တရာ ဓမ္မအသိဉာဏ်တွေကို လက်ဆင့်ကမ်းအမွေပေးနိုင်တဲ့ မိကောင်းဖကောင်းများဖြစ်ကြပါစေ။

ချစ်တဲ့

ဖေဖေ ကျော်သူ+ မေမေ ရွှေဇီးကွက် " လို့ ပြောထားပါတယ်။

play

 

ဦးကျော်သူနဲ့ ရွှေဇီးကွက်တို့မှာတော့ မြင့်မိုရ်ဦးဆိုတဲ့ သမီးတစ်ယောက်နဲ့ ပြေသိန်းကျော်ဆိုတဲ့ သားတစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်။

မြင့်မိုရ်ဦးဟာ ယခုလက်ရှိမှာ သြစတေးလျ နိုင်ငံမှာ နေထိုင်လျက်ရှိပြီး သားဖြစ်သူ ပြေသိန်းကျော်ကတော့ အမေရိကားမှာ နေထိုင်လျက်ရှိ တယ်လို့ သိရပါတယ်။

Postby

 

Photo : ဦးကျော်သူ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video