သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းကတော့ လူ့လောကကြီးမှာ နေရတာ ပိုပြီးနေပျော်လာတယ်လို့ ပြောလိုက်ပါတယ်။ အရင်ကဆိုရင် အပေါင်းအသင်းမရှိသလို ချစ်သူခင်သူလဲမရှိဘူးလို့ ထင်ပြီး ကိုယ့်ကိုကိုယ် အားငယ်ခဲ့တဲ့သူမကတော့ အခုအဲ့လိုစိတ်မျိုးမရှိတော့ပါဘူးတဲ့ ။

သူမရဲ့ မင်္ဂလာပွဲကြောင့်ကိုယ့်ကို ချစ်ပြီး ပံ့ပိုးပေးတဲ့သူတွေ အများကြီးရှိပါလားဆိုပြီးတော့လည်း သိလိုက်ရတယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

play

"မင်္ဂလာပွဲကြောင့် ကိုယ့်ကိုချစ်ပီးပံ့ပိုးပေးတဲ့သူတွေအများကြီးရှိပါလားလို့သိလိုက်ရတယ်

အရင်ကဆိုငါကအပေါင်းအသင်းလဲမရှိဘူး ချစ်သူခင်သူလဲမရှိဘူးလို့ထင်ပီး အားငယ်ခဲ့မိတာ

ခုတော့လူ့လောကကြီးမှာနေရတာပိုပီးနေပျော်လာတယ်

အရာအားလုံးတွက်ဆွေမျိုးမိတ်ဆွေသူငယ်ချင်းများကိုကျေးဇူးအများကြီးတင်ပါတယ် "ဆိုပြီး သူမရဲ့ တွေးမိတွေးရာ အတွေးလေးကို ရေးသားထားတာပါ။

play

နန်းမြတ်ဖြိုးသင်းရဲ့ မင်္ဂလာပွဲဟာလည်း တဖြည်းဖြည်းနဲ့ နီးကပ်လို့လာပြီဖြစ်ပါတယ်။မင်္ဂလာပွဲကိုတော့ နိုဝင်ဘာလ၂၆ ရက်နေ့ဆိုရင် ဆီဒိုးနားဟိုတယ်လ်မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး မင်္ဂလာညစာစားပွဲကိုတော့ နိုဝင်ဘာလ ၂၇ ရက်နေ့ည အင်းယားလိပ်ဟိုတယ်လ် မှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းနဲ့ ခင်ပွန်းဖြစ်သူ ကိုတာတာမျိုးတို့ကတော့ နိုဝင်ဘာ(၉)ရက်နေ့က ငွေဆောင်ကမ်းခြေမှာ မင်္ဂလာလက်မှတ် ရေးထိုးခဲ့တာ ဖြစ်ပြီး နိုဝင်ဘာ(၁၈)ရက်နေ့ မနက်ပိုင်းက သင်္ကန်းကျွန်းမြို့နယ်မှာရှိတဲ့ ကံကော်မြိုင်သာသနာ့ရိပ်သာ ဘုန်းကြီးကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေးအလှူကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

 

play

 

ချစ်သူသက်တမ်း သုံးနှစ်ခွဲလောက် ရှိပြီဖြစ်ပါတယ်။ ချစ်သူကောင်လေးက နန်းမြတ်ထက် လေးနှစ်ကြီးတယ်လို့လည်း သိရပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်များကို အဆက်မပြတ်အောင် လုပ်ကိုင်နေသလို မင်္ဂလာပွဲအတွက်လည်း စီစဉ်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

နန်းမြတ်ဖြိုးသင်းအနေနဲ့ အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာလည်း အနုပညာအလုပ်များကို ဆက်လက်လုပ်ကိုင်သွားမယ်လို့ သိရပါတယ်။

Postby

 

Photo : နန်းမြတ်ဖြိုးသင်း ဖေ့စ်ဘွတ်၊ Naing Lin Visual Arts

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video