မေပန်းချီကတော့ ရွှေမှုံရတီနဲ့အတူ ဇာတ်ကားရိုက်ကူးနေတယ်လို့ သိရပါတယ်။ ဘာဇာတ်ကား ရိုက်နေတာလဲဆိုတာကိုတော့ မေပန်းချီက မပြောပြထားပါဘူး။ ဒါပေမယ့် ဒီနေ့မှာတော့ မေပန်းချီဟာ ရွှေမှုံနဲ့အတူ ရေထဲဆင်းရမယ်ဆို ဆိုပါတယ်။

ဒါပေမယ့် မေပန်းချီကတော့ ရေထဲမဆင်းချင်သေးဘူးရယ်ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ပြောထားတာလည်း တွေ့ရပါတယ်။

play

 

"ရွှေမူန်လေးနဲ့အတူတူ ရေကူးကန်မှာ ရေကူးဝတ်စုံဝတ်ရမယ် ဒီနေ့ရိုက်မဲ့ အခန်းက          

ကျွန်မရေထဲမဆင်းချင် သေးဘူးရယ် သေပီဆရာ" လို့ ရေးသားထားတာ ဖြစ်ပါတယ်။

play

သရုပ်ဆောင် မေပန်းချီဟာ ခေါင်းဆောင်မင်းသမီး တစ်ယောက်မဟုတ်ပေမဲ့လည်း ကျရာဇာတ်ရုပ်ကို ပိုင်ဆိုင်စွာ သရုပ်ဆောင်နိုင်မှုကြောင့် ပရိသတ်အားပေးမှု ရရှိထားသူ တစ်ဦးဖြစ်ပါတယ်။

အခုနောက်ပိုင်းမှာ သရုပ်ဆောင်ပိုင်းမှာသာမက ပွဲတွေ တော်တော်များများမှာ သီချင်းဆိုဖြစ်နေတာလည်း တွေ့ရပါတယ်။

play

 

အဲ့လိုမျိုး သီချင်းဆိုဖြစ်နေတာကြောင့်လည်း ကိုယ်ပိုင်သီချင်းလေးတွေ လုပ်ထားပြီး ပရိသတ်တွေတင်ဆက်နိုင်ဖို့ ကြိုးစားဦးမယ်လို့ အင်တာဗျူးတချို့မှာ ဖြေဆိုဖူးပါတယ်။

ယခုနောက်ပိုင်းမှာ အနုပညာပိုင်းသာမက ပရဟိတ အလုပ်လေး တွေကိုပါ  အချိန်ရရင် ရသလို လုပ်ကိုင်လာတာလည်း တွေ့ရပါတယ်။ ကိုယ်ပိုင်စီးပွားရေးအနေနဲ့ဂျင်း ဖက်ရှင်ဆိုင်တစ်ဆိုင်ကိုလည်း ဖွင့်ထားပါသေးတယ်။

Postby

 

Photo : မေပန်းချီ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video