ဘုတ်ပြင်းမြို့မှာ ညပိုင်း သီချင်းဆိုပြီးအပြန် လမ်းခရီးမှာ ဒုက္ခရောက်ရောက်ခဲ့တယ်ဆိုတဲ့ အကြောင်း သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

ဘုတ်ပြင်းမြို့နေ မြိတ်ကိုအသွား လမ်းမှာကားကရွံ့ထဲနစ်ခဲ့တယ်တဲ့။ ကားမှာ နန်းစုအပါအဝင် လူသုံးယောက် ပါဝင်ခဲ့ပြီး ကားကို ဆင်းတွန်းခဲ့ပေမယ့် ကားကရွံ့တွေထဲမှာ တော်တော်နစ်နေတာကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ဘူးလို့ဆိုပါတယ်။

play

 

ဖုန်းလိုင်းမမိတဲ့နေရာဖြစ်နေတာကြောင့်လည်း ဘယ်သူကိုမှအဆက်အသွယ် လုပ်လို့မရသလို နောက်နေ့သွားရမယ့် ပွဲတွေမျက်နှာပျက် ရမှာဖြစ်လို့ ငိုတောင်ငိုချင်သွားတယ်ဆိုပြီး သူမ ရေးသားခဲ့ပါတယ်။

"ဘုတ်ပြင်းမြို့မှာ ညပိုင်း သီချင်းဆိုပြီး မနက် ၉ နာရီလေယာဉ်နဲ့ ရန်ကုန် , ရန်ကုန်ကနေ မန်းလေးကို ခရီးပြန်ဆက်ပြီး နောက်ပွဲတစ်ပွဲကို သွားရမှာကို အားလုံးက အချိန်​အတိအကျ ဘုတ်ပြင်းကနေ ထွက်တော့ ည ၂ နာရီကျော်.. ထွက်လာပြီး ဖုန်းလိုင်းမမိတဲ့ နေရာလည်း ရောက်ရော ကားက ရွှံ့ထဲနစ်ပါလေရော .. ကားထဲမှာ နန်းဆုရယ် နန်းဆုသူငယ်ချင်းရယ် ကားမောင်းလိုက်ပို့ပေးတဲ့ အကို တစ်ယောက်ရယ် ၃ ယောက်ပဲ ပါတယ် ။

ဘယ်လိုမှ ရုန်းလို့မရဘူး .. မှောင်မှောင်မဲမဲ တောထဲတောင်ထဲက လမ်းပေါ်မှာ ကားက ရွှံ့နစ် , ဖုန်းလိုင်းက မရတော့ ဖုန်းဆက်လို့ကလည်း မရ, မနက်မြိတ်​က​နေရန်​ကုန်​သွားမယ့်​​ လေယာဉ်မမှီရင် ရန်ကုန်ကနေ မန်းလေးသွားမယ့် လေယာဉ်လည်း လွတ် , မန်းလေးမှာ လက်ခံထားတဲ့ ပွဲလည်း မျက်နှာပျက်ရမှာမို့ စိတ်ညစ်ပြီး ငိုပါငိုချင်သွားတယ်။

play

 

တော်သေးတယ် ခရီးသည်တင်ကားတစ်စီးရောက်လာလို့ ! သူတို့ကားဆီ အကူအညီသွားတောင်းတော့ လာပြီး ကူညီပေးကြတယ် ရွှံထဲမှာ ကားကို မတွန်း တွန်းပေးကြတယ် ရွှံလမ်းက အရှည်ကြီးကို ဒီဖက်ရောက်တဲ့ အထိ သေချာလေး ကူညီပေးကြတယ် .. အားလုံးရဲ့ ကျေးဇူးကြောင့်သာ မနက်လေယာဉ်အချိန်မှီပြီး ရန်ကုန် မန်းလေးကို ခရီးဆက်နိုင်တာပါ.။

ပင်ပန်းနေတဲ့ကြားက မနက်လေယာဉ်ချိန်မှီအောင် သေချာဂရုတစိုက်မောင်းပို့ပေးတဲ့ ကိုဇာနည် နှင့် ကားရွှံ့နစ်တာကို ဝိုင်းဝန်ကူညီပေးကြတဲ့ " ရွှေထားဝယ် " ယာဉ်မှ ကားဆရာနဲ့ အဖွဲ့သားများ ခရီးသည်များကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင့် .. အားလုံးရဲ့ ကျေးဇူးကြောင့်တာ နန်းဆု အေးအေးဆေးဆေး ခရီးဆက်နိုင်ခဲ့တာပါ" ဆိုပြီး ကူညီပေးခဲ့တဲ့သူတွေကိုလည်း သူမက ကျေးဇူးတင်စကား ပြောပြပေးထားတာတွေ့ရပါတယ်။

play

 

သူမရဲ့ ပို့စ်အောက်မှာလည်း အဆိုတော် G Fatt က ယခုလို ကောမန့်လေးလည်းပေးထားတာ တွေ့ရပါတယ်။

"ရန်ကုန်ကနေ တစ်ညလုံး အိပ်ပျော် အဲ စောင့်ပေးနေတဲ့ ကျွန်တော့်ကိုရော" ဆိုပြီး ပြောထားပါတယ်။ အဲ့ဒီကောမန့်လေးကိုတော့ နန်းဆုရတီစိုးက " ဟုတ်​ပ ကျန်​ခဲ့လို့ ​ကျေးဇူး​နော်​ fatt fatt" ဆိုပြီး ပြန်ပြောထားပါတယ်။

play

 

နန်းဆုရတီစိုးကတော့ လက်ရှိမှာ သီချင်းများ ဖန်တီးနေပြီး ဒီနှစ်မကုန်ခင်မှာလည်း အွန်လိုင်းကနေ သီချင်း တစ်ပုဒ် ထပ်မံတင်ပေးဖို့ ရှိသလို လာမယ့် နှစ်ဆန်းပိုင်းမှာလည်း အခွေထွက်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

စက်တင်ဘာ(၂၅)ရက်နေ့က အွန်လိုင်းမှာ တင်ခဲ့တဲ့ "ရူးအောင်ချစ်ရသူ " သီချင်းကိုလည်း ပရိသတ်တွေ အားပေးကြတဲ့အတွက် သူမအနေနဲ့ အရမ်းကို ဝမ်းသာပျော်ရွှင်မိတယ်လို့ ဆိုပါတယ်။

Postby

 

Photo : နန်းဆုရတီစိုး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video