မိုးယုစံရဲ့ သားလေး Austin ကတော့ နိုဝင်ဘာ(၂၁)ရက်နေ့က (၃)လပြည့်သွားပြီလို့ ဆိုပါတယ်။ မွေးဖွားချိန်က ရှစ်ပေါင်နဲ့ သုံးအောင်စရှိခဲ့တဲ့ သူ့ရဲ့ သားလေးဟာ (၃)လပြည့်ချိန်မှာတော့ 14.3LB ရှိတယ်လို့ သိရပါတယ်။

မိုးယုစံရဲ့ သားလေး Austin က အရမ်းကို လိမ္မာကြောင်းကိုလည်း သူမရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ရေးသားထားပါတယ်။

play

 

"ဘာလိုလိုနဲ့ ၃လပြည့်ပီ happy birthday ချစ်တုံးလေး   မာမီ ဒယ်ဒီအသည်း နှစ်ဖက်လုံးက မြေးဦးဆိုတော့ ဖိုးဖိုးဖွားဖွားအသည်း ဦးဦးတွက်လည်း တစ်ဦးတည်းသောတူလေး ဘိုးဘိုးဘွားဘွားတွေရဲ့အသည်းလေး မေ့သားလေးကလည်း ကြီးလေ လိမ္မာလာလေပဲ ကိုယ်တိုင် လည်း မိဘတွေရဲ့ ရင်အုပ်မကွာ စောင့်ရှောက်မှုခံခဲ့ရတော့ သားသားလေးကို ကိုယ်တိုင်ပဲ အားလုံးလုပ်ပေးဖြစ်တယ်။ သူများနဲ့ဆိုစိတ်မချတာ ပါးမားတို့ရဲ့အကျင့်ကူးစက်လာတာ ကိုယ်တိုင်လုပ်ရမှကျနပ်သူဆိုတော့ပင်ပန်းတာ တော်သေးတယ် ဖိုးဖိုးဖွားဖွားတွေလည်းမနေရ လုပ်ပေးလို့သာ ခုတော့သားသားကလိမ္မာလာတော့ မာမီသက်သာ လာပီ ကိုယ့်သားသမီးကို လုပ်ပေးရတာ ပင်ပန်းပေမဲ့ ကျေနပ်တယ် ။ ပျော်တယ် မိဘအနေနဲ့ကိုယ်ပြုစုပျိုးထောင်ပေးရမှာတွေကိုတွေးပီး ကြည်နူးမိတယ် ကိုယ်ပျိုးထောင်လိုက်တဲ့ သူတို့လေးတွေဘဝအစစအရာရာမှာကောင်းမွန်တာကိုပဲမြင်ချင်မိတယ် ကြိုတွေးပီး ကြည်နူး ရင်ခုန် စိတ်လှုပ်ရှားမိတယ် မိဘမေတ္တာဆိုတာ ဒါပါလား " ဆိုပြီး ရေးသားထားတာ တွေ့ရပါတယ်။

Postby

 

သူမတင်တဲ့ ဓာတ်ပုံတိုင်းလိုလိုကို ပြန်တင်ပေးတဲ့ ပရိသတ်တွေနဲ့ အမြဲထိတွေ့ခွင့်ပေးတဲ့ မီဒီယာများ၊ သားသားကို ချစ်ခင်တဲ့သူများအားလုံး ကို ကျေးဇူးအမြဲတင်တယ်ဆိုပြီးတော့ သားလေး Austin အစား မိုးယုစံက ပြောပြထားတာ တွေ့ရပါတယ်။

မိုးယုစံရဲ့ သားလေး Austin ဟာ မွေးဖွားချိန်ကစလို့ ပရိသတ်တွေကို အချစ်ကို ရရှိထားတဲ့ ကလေးလေးလည်း ဖြစ်ပါတယ်။

 

play

 

မိုးယုစံက သားလေး Austin ကို သုံးလပြည့်တော့မှ မြန်မာနာမည်ပေးမယ်လို့ သြဂုတ်လ(၂၆)ရက်နေ့က ရေးထားခဲ့ပေမယ့်လည်း အခုထက်ထိ တော့ မြန်မာနာမည်ပေးထားတာ မတွေ့ရသေးပါဘူး။

မိုးယုစံကတော့ စုလျားရစ်ပတ် လက်ထပ် ထိမ်းမြား မင်္ဂလာပွဲ ကိုလည်း  အောက်တိုဘာ၂၉ရက်က Melia ဟိုတယ်မှာ ကျင်းပခဲ့တာဖြစ်ပြီး မင်္ဂလာညစာစားပွဲကိုတော့ အောက်တိုဘာ(၃၁)ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ  ကျင်းပခဲ့တာ ဖြစ်ပါတယ်။ မိုး ယုစံတို့ ဇနီးမောင်နှံရဲ့ မင်္ဂလာပွဲတွေက တော့ ပရိသတ်တွေအားကျခဲ့ရတဲ့ ပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။

Photo : မိုးယုစံ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video