မော်ဒယ် သရုပ်ဆောင် ပိုင်တံခွန်ကတော့ တရုတ်နိုင်ငံ Shanghai မြို့ကို ရောက်ရှိနေပါတယ်။ Shanghai မြို့မှာ ကျင်းပတဲ့  Victoria's Secret Fashion Show 2017 ပွဲကို Oppo နဲ့အတူ လက်တွဲပြီး မြန်မာနိုင်ငံကိုယ်စားပြု အနုပညာရှင် တစ်ယောက်အနေနဲ့ ပွဲတက်ခွင့်ရတာလည်း ဖြစ်ပါတယ်။

နိုဝင်ဘာ(၂၀)ရက်နေ့မှာ ကျင်းပပြီးတဲ့  Victoria's Secret Fashion Show 2017 ကို တက်ခဲ့သလို Shanghai မှာလည်း Oppo နဲ့အတူ ရိုက်ကူးရေးတွေ လုပ်နေတယ်လို့ သိရပါတယ်။

play

 

Victoria's Secret Fashion Show 2017  တက်ရောက်ခွင့်ရတဲ့ ပိုင်တံခွန်ရဲ့ ခံစားချက်ကတော့ "ကျွန်တော် Victoria's Secret Fashion Show 2017  တက်ရောက်ခွင့်ရတဲ့အတွက် အရမ်းပျော်ပါတယ်။ တကယ်လည်း မထင်ထားဘူးပေါ့နော်။ အရင်လည်း ပြည်ပပွဲတွေ တော်တော်များများ မှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ရှိုးလျှောက်ရတာတွေ ရှိပါတယ်။

အခု Victoria's Secret Fashion Show 2017  ကတော့ ပထမဆုံး တက်ရောက်ဖူးပါတယ်။ ဟိုမှာတော့ သုံးရက်လောက် နေဖြစ်မယ် ထင်ပါတယ်။ ပွဲက ၂၀ရက်နေ့ ကျင်းပမယ်လို့ သိရပါတယ်။ " ဆိုပြီး  ပွဲမသွားခင်က Duwun Media ကို ဖုန်းနဲ့ ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။

play

 

ဒီနေ့ (နိုဝင်ဘာ ၂၂ရက်)မှာလည်း လွန်ခဲ့တဲ့ မိနစ်ပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ဓာတ်ပုံအသစ်လေးတွေ တင်ထားတာလည်း တွေ့ရပါတယ်။  Victoria's Secret Fashion Show 2017  အပြီး Oppo အတွက် ရိုက်ကူးရေးတွေ လုပ်နေတာလည်း ဖြစ်ပါတယ်။

သူ့ရဲ့ ပုံအသစ်လေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

 

play

 

မြန်မာနိုင်ငံ ပြန်ရောက်ရင်လည်း ကြော်ငြာရိုက်ကူးရေးတွေ ဆက်ပြီး လုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ မော်ဒယ် သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ ပိုင်တံခွန်ကတော့ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားသူ ဖြစ်ပါတယ်။

Postby

 

Photo : ပိုင်တံခွန် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video