AD
AD
AD

အဆိုတော် သရုပ်ဆောင် ဂျိုကာကတော့ အမေဖြစ်သူရဲ့ ထမိန်တွေကို လျှော်ပေးနေတာတွေ့ရပါတယ်။ ထမိန်လျှော်ပေးနေတဲ့ ပုံလေးကိုလည်း သူ့ရဲ့ ဖေ့စ်ဘွတ်မှာ လွန်ခဲ့တဲ့ မိနစ်ပိုင်းက တင်ထားတာ တွေ့ရပါတယ်။

ပုံလေးတင်ထားရင်းနဲ့ ယခုလို စာသားလေးကိုလည်း ရေးသားထားပါသေးတယ်။ "မင်းတို့ကိုဂျွီး မေကြီးထမိန်ဝင်ကူလျှော်ပေးနေတယ်" ဆိုပြီး ပြောထားတာပါ။

play

 

သူရဲ့ပို့စ်လေးကတော့ တင်လိုက်တဲ့အချိန်မိနစ်ပိုင်းလေးမှာပဲ Like က တစ်ထောင်ကျော်သွားခဲ့ပါတယ်။ ပရိသတ်တွေကလည်း လိမ္မာလွန်းတဲ့ ဂျိုကာကို ချီးကျူးထားတာတွေ တွေ့ရပါတယ်။

ဂျိုကာကတော့ မကြာခင် ပြုလုပ်တော့မယ့် ရဲလေးရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲမှာလည်း ပါဖောမန့်အတူတူလုပ်ပြီး သီချင်း တွေ အတူတူဆိုသွားမယ့် အကြောင်းကို Duwun Media ကနေ ပြောပြခဲ့ပါတယ်။

play

 

'' ရဲလေးဆိုရင် ဂျိုကာကတော့ တစ်ပုဒ်၊ နှစ်ပုဒ် ဝင်ဝင်ယွတယ်။ ဝင်ကတယ်။ သူနဲ့ အတူတူဆိုထားတဲ့ သီချင်းလေးတွေလည်းပါတယ်။ သူနဲ့အတူ ကျွန်တော် တီးထားတဲ့ သီချင်းလေးတွေကိုလည်း အတူတူ ပါဖောမန့်လေးတွေ လုပ်ဖို့ရှိပါတယ်။ အဓိက က Bounce ဖြစ်တဲ့ သီချင်းလေးတွေက သူနဲ့ အတူတူဆိုဖြစ်တာများတော့ သူနဲ့ အတူတူ Featuring အနေနဲ့ ဆိုဖြစ်ပါမယ်'' လို့ ဆိုပါတယ်။

 

play

 

ဂျိုကာ ကတော့ အဆိုတော်တစ်ယောက်လည်းဖြစ်သလို၊ လူမှုကွန်ယက်ပေါ်က ပရိသတ်တွေပျော်ရွှင်စေဖို့လည်း ဟာသဗီဒီယိုလေး တွေ တင်ဆက်ပေးလေ့ရှိတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။

သရုပ်ဆောင်လက်မှာဆိုရင်လည်း အစ်ကိုဖြစ်တဲ့ရဲလေး နဲ့ အတူ ရွှေမိုးငွေမိုးသွန်းဖြိုးလို့ရွာဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာလည်း ပါဝင်ထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရုံတင်သွားဖို့ရှိတယ်လို့ သိရပါတယ်။

Postby

 

Photo : ဂျိုကာ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD