AD
AD
AD

ပုဂံရှိ ပြာဿာဒ်ကြီးဘုရားအတွင်း ဆင်းတုတော်များ ပြန်လည်ပြုပြင်မှုနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ များစွာ ခံနေရတဲ့ ဖူးစုံကတော့ ပုဂံကို ထိခိုက်အောင် ဘယ်တော့မှ လုပ်မယ့်သူ မဟုတ်ပါဘူးလို့ ပြောလိုက်ပါတယ်။

သူမအနေနဲ့ အဆိုပါဘုရားများကို သန့်ရှင်းရေးပြုလုပ်ကာ ရောင်တော်ဖွင့်ပေးခြင်းသာ ဖြစ်ပါတယ်တဲ့။

play

 

"ဘုရားကြီးကို ကြည်ညိုစေ ချင်တဲ့ဆန္ဒ၊ သန့်ရှင်းစေချင်တဲ့ ဆန္ဒ၊ သပ္ပာယ်စေချင်တဲ့ဆန္ဒနဲ့ လုပ်လိုက်တာပါ။ အဲဒါက နည်း နည်းလေး အထင်လွဲစရာဖြစ်သွား တယ်။ တကယ်တော့ ဝေဖန်တဲ့ သူတွေအားလုံးက ပုဂံကို ချစ်လို့ ပါ။ နစ်နာမှာကြောက်လို့ပါ။ ပျက်စီးမှာ ကြောက်လို့ပါ။ တစ်ခုခုများ ဆုံးရှုံးသွားမလားဆိုတဲ့စိတ်နဲ့ စိုးရိမ်ပြီးပြောတာပါ။ ကျွန်မသည် ပုဂံကိုချစ်တဲ့သူထဲမှာ ပါပါတယ်။ ဘယ်တော့မှ ပုဂံကို ထိခိုက်အောင်လုပ်မယ့်သူမဟုတ်ပါဘူး’’ လို့  သူမက ပြောလိုက်ပါတယ်။

play

 

အဆိုပါ ဘုရားများဟာ ရှေးဟောင်းဘုရားများမဟုတ်ဘဲ သက်တမ်း (၁၄)နှစ်သာရှိသေးပြီး ပြန်လည်ပြုပြင်ထားသော ဘုရားများ ဖြစ်တယ်လို့ ဆိုပါတယ်။

‘‘အရင်က အုတ်ပုံသာသာ အဆင့်ကိုမှ ၉၈ နောက်ပိုင်း၊ ၂၀၀၀ နောက်ပိုင်းမှ ဆရာတော် ကနေ ကုသိုလ်ပြုလိုက်တဲ့အ တွက် ဘုရားလေးဆူ ပေါ်ပေါက် လာတယ်။ ဘုရားတွေရဲ့ သက် တမ်းက ၁၄ နှစ်ပါ။ အရင်က တော့ ပြဿဒါးဘုရားပါ။ အခု နောက်ပိုင်းမှ ပြာသာဒ်ကြီးဘုရား ဖြစ်သွားတာပါ။ ရေဆေးကလည်း ရှေးဟောင်းကသတ်မှတ်ထားတဲ့ ရေဆေးတွေပါပဲ။ ဒါတွေပဲ သုံးရ မယ်လို့ သတ်မှတ်ထားတဲ့အ တွက် သင်္ကန်းအရောင်ပဲ ပြန် သုတ်ထားတာပါ’’လို့ သူမက 7day Daily မှာ ဖြေဆိုပေးထားပါတယ်။

 

play

 

သရုပ်ဆောင်ဖူးစုံဟာ ယခင်ကတည်းက ဘုရားတည်ခြင်း၊ ကျောင်းဆောက်ခြင်း များအပြင် အခြားသော အလှူအတန်းများ လုပ်ဖြစ်သော်လည်း ယခုအခါပြုလုပ်လိုက်တဲ့ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ ပုဂံဘုရားတစ်ဆူအတွင်းမှ ဘုရားများကို ပြုပြင်လှူန်းခြင်းမှာ လူပြောများကာ ဝေဖန်ခံရခြင်း ဖြစ်ပါတယ်။

Postby

 

Source : 7day Daily

Photo  : ဖူးစုံ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD