သရုပ်ဆောင် သက်မွန်မြင့်ရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျကတော့ ပြန်ပြီးအသက်ဝင်လို့လာခဲ့ပါပြီ။ ဟက်ကာများက သူတို့အဖွဲ့ရဲ့ Logoကို သက်မွန်မြင့်ရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ Cover Photo အဖြစ်ပြောင်းလဲခဲ့ပါတယ်။

အဲ့ဒီCover Photo မှာ M4L F4M!1Y နာမည်နဲ့ အနောက်တိုင်းဝတ်စုံဝတ်ထားကာ မျက်နှာဖုံးတွေ အုပ်ထားတဲ့ သူငါးဦးရဲ့ ပုံဖြစ်ပါတယ်။

play

 

အခုတော့ သက်မွန်မြင့်ရဲ့ အကောင့်ကတော့ ပရိသတ်တွေ ပြန်ပြီး ဝင်ကြည့်လို့ ရပြီဖြစ်သလို Cover Photo ကအစ မိသားစုပုံလေး ပြန်ချိန်းလို့ သွားပါပြီ။ ပရိသတ်တွေကလည်း သူမရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျလေး ပြန်ရပြီဖြစ်တဲ့အတွက် ပျော်လို့နေပါတယ်။

သူမရဲ့ အကောင့်လေးမှာလည်း ယခုလိုရေးသားထားတာတွေ့ရပါတယ်။

play

 

"မွန့် ပေ့ခ်ျလေးပြန်ရပါပြီရှင်!
အက်မင်ရယ်, အမျိုးသားရယ် FB ကတာဝန်ရှိသူတွေရယ် ကူညီသူများ အားလုံးကိုကျေးဇူး အများကြီး အများကြီးတင်ပါတယ်။
စိတ်ပူကြရတဲ့ အတွက် စိတ်အနှောင့်ယှက်ဖြစ်သွားကြတဲ့အတွက် ချစ်ရတဲ့သူများကို တောင်းပန်ပါတယ်။ မွန့် ပေ့ခ်ျကို ဟက်သွားတဲ့ သူတွေ လည်း နောက်ထပ် သူများကို စိတ်ဆင်းရဲအောင် မလုပ်ကြပါနဲ့.. သူများ တန်ဖိုးထားတဲ့ အရာကို ယူလို့ အကျိုးရှိတယ်ဆိုရင်တောင် အကုသိုလ်ဖြစ်ရတာပဲ
ကိုယ်တတ်တဲ့ပညာနဲ့ သူများအကျိုးဖြစ်အောင်မလုပ်ရင်တောင် ဒုက္ခမပေးကြပါနဲ့ "ကိုယ်ပြုသည့်ကံ ပဲ့တင် သံ ကိုယ့်ထံ ပြန်လာမယ်" ဆိုတာရှိတယ်လေ(ဆရာမကြီးလေသံနဲ့ဆိုပြီး ထပ်ဟက်မှဖြင့်)" ဆိုပြီး ပြောထားပါတယ်။

 

play

 

သက်မွန်မြင့်ကတော့ သရုပ်ဆောင်လောကမှာ ပရိသတ်အားပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး ၂၀၁၂ခုနှစ်မှာ ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ " အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်" ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ဆုကို ရရှိထားသူ တစ်ဦး ဖြစ်သလို ၂၀၁၆ခုနှစ်က ကျင်းပခဲ့တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန် ဆုပေးပွဲမှာ "ချစ်လှစွာသောအမုန်း" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။

Postby

 

Photo : သက်မွန်မြင့် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video