သရုပ်ဆောင် နေမင်း မောင်းနှင်လာတဲ့ ကားအပါအဝင် ကားလေးစီး ဆင့်တိုက်မှုတစ်ခု နိုဝင်ဘာ(၂၂)ရက်နေ့ည (၈)နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့ပါတယ်။

သရုပ်ဆောင်နေမင်း မောင်းနှင်လာတဲ့ ကားရှေ့ကို ကားတစ်စီးက သုံးပတ်လောက်လည်ပြီး ပြုတ်ကျလာတာ ဖြစ်တယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာလည်း ဖြစ်စဉ်ဖြစ်တဲ့နေ့က ရေးသားထားတာ တွေ့ရပါတယ်။

play

 

နေမင်းဟာ သူ့ကားရှေ့ကို ကားတစ်စီး ရုတ်တရက် လိမ့်လာတဲ့ အချိန်မှာ သူ့ကိုယ်ကိုကိုယ် ရုပ်ရှင်ရိုက်နေသလို အိုက်တင်လုပ်နေရသလို ခံစားမှုမျိုး ခံစားလိုက်ရပြီး နောက်မှသာ တကယ် ကားတိုက်မှု ဖြစ်တယ်ဆိုတာကို သိလိုက်ရတယ်လို့ ဆိုပါတယ်။

"ပထမတစ်ချက်က ကျွန်တော့်ရှေ့ကို ကားကြီး ပြုတ်ကျလာတဲ့အချိန်မှာ ကျွန်တော်စိတ်ထဲမှာ ဟာဒီကဒ်ကြီးက မိုက်လိုက်တာ သုံးလို့ ရတယ်ဆိုပြီး ရုပ်ရှင်လို မြင်လိုက်မိတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အိုက်တင်လုပ်နေရ တယ်လို့ ထင်လိုက်မိတယ်။ နောက်တော့မှ နောက်ထပ် ကားက ကျွန်တော့်ကားကြီးကို ဘေးကို ဆွဲသွားတော့မှ တိုက်သွားတယ်ဆိုတာကို သိလိုက်ရတာ။ အဲ့ဒီအခါကျမှ ကားထဲက ထွက်ပြီး မီးလောင်မယ့်ကားကို မီးတွေဘာတွေသတ်ပြီး လူတွေ ဆွဲထုတ် လုပ်ခဲ့ရတာပါ။ ကျွန်တော်ကိုယ်တိုင် ဘာဒဏ်ရာမှ မဖြစ်ခဲ့ရဘူး" ဆိုပြီး Duwun Media ကို ဖြေဆိုပေးထားပါတယ။်

play

နေမင်းကားတိုက်ခံရတယ်ဆိုတဲ့ သတင်းကြောင့် သူ့ရဲ့ ပရိသတ်တွေကလည်း သူ့အတွက် တော်တော်ကို စိုးရိမ်ပူပန်ပေးခဲ့ကြတာလည်း တွေ့ရပါတယ်။ အဲ့လို ပူပန်ပေးတဲ့အတွက်ကိုလည်း နေမင်းက ကျေးဇူးတင်ကြောင်းယခုလို ဆက်လက်ပြောထားပါသေးတယ်။

"ကျွန်တော့်ကိုစိုးရိမ်နေတဲ့ ပရိသတ်တွေအတွက် မစိုးရိမ်ကြပါနဲ့လို့ ပြောချင်ပါတယ်။ ကျွန်တော့်က စိုးရိမ်သောက ဖြစ်အောင် လုပ်မိတဲ့ အတွက်လည်း ကျွန်တော်စိတ်မကောင်ဖြစ်မိတယ်။နောက်တစ်ခုက ကျွန်တော့်ကို အဲ့လို မျိုးစိုးရိမ်ပူပန် ပေးကြတဲ့အတွက် ကျွန်တော့်အတွက်ခွန်အားတွေတော့ ဖြစ်ရတယ်။ ကျွန်တော်ဆက်ကြိုးစားဖို့အတွက် အလုပ်လုပ်ဖို့အတွက်ပေါ့နောက်တစ်ခုက အဲ့လိုမျိုး နောက်တစ်ခါမဖြစ်အောင်လည်း ကြိုးစားပါ့မယ်။

play

 

တချို့ကလည်း ကျွန်တော်ကို ပလပ်တွေ ကျွတ်ပြီးဒီလိုဖြစ်တယ်လို့ ထင်ပြီး ရေးထားတာတွေလည်း ရှိပါတယ်။ ကျွန်တော်ပြောချင်တာက ကျွန်တော်ဘာမှမဖြစ်ထားပါဘူး။ ကျွန်တော်ပြန်တဲ့အချိန်ကလည်း အစောကြီး ရှိသေးတယ်။ ပြီးတော့ ကျွန်တော်ယူထားတဲ့ လမ်းကြောင်းကလည်း အောက်ဘက်မှာ ပြီးတော့ ကျွန်တော် ဝတ်ထားတာကလည်း Gym ကပြန်လာတဲ့ ဝတ်စုံကြီးပါ။ ပုံစံကြည့်ရင်လည်း သိနိုင်ပါတယ်။ ပရိသတ်တွေ ကို စိုးရိမ်ရအောင် လုပ်မိတဲ့အတွက်တော့ ကျွန်တော်စိတ်မကောင်းဘူး အဲ့အတွက်တော့ ကျွန်တော်တောင်းပန် ချင်ပါတယ်။ " ဆိုပြီး သူရဲ့ ပရိသတ်တွေအတွက် ပြန်လည်ပြောပြထားတာ ဖြစ်ပါတယ်။

play

နေမင်းကတော့ ယခုလက်ရှိမှာ မုန်တိုင်းကိုရင်ဆိုင်ခဲ့သူများဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲကို ရိုက်ကူးနေပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးကလည်း (၁)လပိုင်းကစပြီး ရွှေစင်ဦးနဲ့အတူ ရိုက်ကူးဖို့တွေ ရှိတယ်လို့ သိရပါတယ်။

Postby

 

Photo : နေမင်း ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video