AD
AD
AD

အဆိုတော် နိုင်းဝမ်းရဲ့ ဖေ့စ်ဘွတ်အကောင့်လေးလည်း ပြန်လည်ရရှိသွားပြီ ဖြစ်ပါတယ်။ M4L F4M!1Y ရဲ့ ထိန်းချုပ်မှုကနေ အကောင့်ပြန် လည် ရရှိသွားတဲ့ နိုင်းဝမ်းတစ်ယောက်ပျော်လို့နေပါတယ်။

သူ့ရဲ့ အကောင့်ကိုလည်း ဘာတစ်ခုမှ ထိခိုက်အောင် မလုပ်ပဲ ပြန်ပေးသွားတဲ့အတွက် နိုင်းဝမ်းကလည်း ကျေးဇူးတင်တယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

play

 

"ကျွန်တော့အကောင့်ပြန်ရပါပြီ

ဘာတစ်ခုမှ ထိခိုက်အောင် လုပ်မသွားပဲ ပြန်ပေးတဲ့အတွက် လဲကျေးဇူးပါ ။

ကျေးဇူးပြုပြီး နောက်နောင်လဲထပ်မဟက်ကြပါနဲ့ဗျာ..

မကောင်းတာတွေလုပ်ထားလို့၊ လူသိမှာကြောက်လို့မဟုတ်ပါဘူး..

ကျွန်တော့်ရဲ့Facebook အကောင့်ကို ကျွန်တော့်ရဲ့ ဒိုင်ယာရီစာအုပ်တစ်အုပ်လို သဘောထားပြီး အသုံးပြုတာဖြစ်လို့ ကျွန်တော့်ဘဝရဲ့ အမှတ်တရအားလုံးကို ဒီအကောင့်ထဲမှာပဲ ပြန်ဝင်ကြည့်နိုင်တာကြောင့်ပါ" ဆိုပြီး ပြောထားပါတယ်။

play

နိုင်းဝမ်းကတော့ လက်ရှိမှာ "တစ်ကိုယ်တော်"လို့ နာမည်ပေးထားတဲ့ စီးရီသစ်ကို ပြင်ဆင်နေပြီး သင်္ကြန်ပြီးလောက် ထွက်နိုင်ဖို့ ပြင်ဆင် နေတယ်လို့လည်း သိရပါတယ်။

နိုင်းဝမ်း(Nine One)ဟာ ဂီတလောကထဲသို့ ၂၀၀၂ ခုနှစ်လောက်က စတင်ဝင်ရောက်လာပြီး ပရိသတ်အား ပေးမှု ရရှိထားတဲ့ အဆိုတော် တစ်ဦးဖြစ်ပြီး တစ်ချိန်က ယွန်းမှီမှီကျော်နဲ့ ချစ်သူဖြစ်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

play

 

နိုင်းဝမ်းဟာ နင်သာရှိရင် သီချင်းနဲ့လည်း ရွှေ FM ရဲ့ အကောင်းဆုံး ကိုယ်ပိုင် သံစဉ်တေးပြု စာဆိုဆုကိုလည်း ရရှိထားသူ တစ်ဦး ဖြစ်ပါတယ်။

 

Postby

 

Photo : နိုင်းဝမ်း ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD