ဖူးစာဆိုတာ လိုက်ရှာစရာမလိုဘူးဆိုတာ သဉ္ဇာနွယ်ဝင်းတစ်ယောက် နားလည်လို့ သွားပါပြီ။ ခင်ပွန်းဖြစ်သူနဲ့ ဆုံတွေ့ခဲ့တာဟာဆိုရင် အခုဆိုရင် တစ်နှစ်တိတိပြည့်ပြီလို့ ဆိုပါတယ်။

ခင်ပွန်းဖြစ်သူနဲ့ သိပြီး တစ်လမှာ မင်္ဂလာဆောင်ဖို့အတွက် ပြင်ဆင်နေပြီး နှစ်လအတွင်း မင်္ဂလာဆောင်ဖြစ်ကာ တစ်လအတွင်းမှာ ကိုယ်ဝန်ရခဲ့ တာ ဖြစ်ပါတယ်။

play

 

တစ်နှင်းအတွင်းကို ဖူးစာဘက်နဲ့တွေ့ပြီး အိမ်ထောင်ကျ သားလေးရသွားခဲ့တဲ့ သဉ္ဇာနွယ်ဝင်းက ဖူးစာဆိုတာ လိုက်ရှာစရာမလိုဘူးဆိုတာ ယောက်ျားရမှ သိလိုက်ရတယ်ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

"ယောကျာ်းနဲ့စသိတဲ့နေ့

တစ်နှစ်ပြည့်ပြီ။ သိပြီးတစ်လဆိုမင်္ဂလာဆောင်ဖို့ကိစ္စလုပ်နေပြီ နှစ်လအတွင်းမင်္ဂလာဆောင်ဖြစ်တယ် မင်္ဂလာဆောင်ပြီး တစ်လအတွင်း ကိုယ်ဝန်ရတယ်။ တစ်နှစ်အတွင်းကို ဖူးစာဘက်နဲ့တွေ့ပြီး အိမ်ထောင်ကျ သားလေးရတယ်။ ဖူးစာဆိုတာ လိုက်ရှာစရာမလိုဘူးဆိုတာ ယောကျားရမှသိသွားတယ်။ အပျိုတုန်းက အိမ်ထောင်သည်တွေ ကိုအမြဲတမ်းမေးတာက အိမ်ထောင်ဘက်ကို တွေ့တဲ့ အချိန်ထူးထူးခြားခြား ခံစားရလားလို့ မေးတယ် တစ်ချို့ကမသိဘူးတဲ့ ကိုယ်ကြတော့သိတယ် သူ့ကိုတွေ့တဲ့ဒုတိယမြောက်တစ်ခါမှာ ကိုယ့်ယောကျာ်းကိုယ်နဲ့ အမြဲတမ်းရှိနေမဲ့ သူလို့ခံစားရတယ် အရမ်းလည်း နွေးထွေးပြီး အေးချမ်းတဲ့ခံစားချက်မျိုးဖြစ်တယ်။ အဲအချိန်မှာ ရည်းစားလည်းမဟုတ်သေးဘူး တစ်ယောက်နဲ့တစ်ယောက်လည်း စိတ်မဝင်စားဘူး ပြန်စဉ်းစားကြည့်ရင် ရီရတယ်"ဆိုပြီး ပြောပြထားတာပါ။

play

 

အဲ့ဒီစာသားလေးနဲ့အတူ လွန်ခဲ့တဲ့ တစ်နှစ်က memories လေးကိုပဲ ရှယ်ထားတာလည်း ဖြစ်ပါတယ်။ အခုဆိုရင် သဉ္ဇာနွယ်ဝင်းတို့ ဇနီးမောင်နှံကတော့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်။ သားဦးလေးကို ပိုင်ဆိုင်ထားပြီဖြစ်တဲ့ သရုပ်ဆောင်သဉ္ဇာနွယ်ဝင်း တို့ဇနီးမောင်နှံကတော့ ပျော်မဆုံးဖြစ်လို့နေပါတယ်။

သဉ္ဇာနွယ်ဝင်းတို့ဇနီးမောင်နှံဟာ ကလေး ၃ ယောက် ဆက်တိုက်ယူဖို့ စဉ်းစားထားလို့ ရိုးရိုးပဲမွေးဖို့ ဆုံးဖြတ်လိုက်တယ်လို့ ပြောခဲ့ဖူးပါတယ်။

play

 

သရုပ်ဆောင်သဉ္ဇာနွယ်ဝင်းကတော့ ၂၀၁၇ခုနှစ် ဖေဖော်ဝါရီ(၁)ရက်နေ့က မင်္ဂလာဆွမ်းကျွေးအလှူပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီ(၂)ရက်နေ့က နှစ်ဦးသဘောတူ ရုံးတက်လက်မှတ်ထိုးခဲ့ကြပါတယ်။

ဖေဖော်ဝါရီ(၃)ရက်နေ့ကတော့ Melia ဟိုတယ်မှာ မင်္ဂလာပွဲကို ပျော်ရွှင်စွာနဲ့ ကျင်းပ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၇ခုနှစ် မေလ ၂၂ ရက်နေ့ကစပြီး ပထမဆုံးရင်သွေးလေးဖြစ်တဲ့ သားဦးရတနာ လေးလွယ်ထားရပြီ ဆိုတာကို သိခဲ့ရတာဖြစ်ပါတယ်။

Postby

 

Photo : သဉ္ဇာနွယ်ဝင်း ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video