AD
AD
AD

သရုပ်ဆောင် ဒါရိုက်တာ ဘုဏ်းသိုက်နဲ့ အဆိုတော် ချမ်းချမ်းတို့ကတော့ နှစ်ဦးသဘောတူ လင်မယားကွာရှင်းပြတ်စဲလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးရဲ့ ကွာရှင်းကြောင်းကို ဒီနေ့ထုတ်ကြေးမုံသတင်းစာမှာကြော်ငြာထားတာ တွေ့ရပါတယ်။

ယင်းကြော်ငြာစာရွက်မှာ ဦးဘုဏ်းသိုက်နဲ့ ဒေါ်ချမ်းမြငြိမ်း(ချမ်းချမ်း)တို့ဟာ တစ်ဦးနဲ့ တစ်ဦး စိတ်သဘောထားချင်း မတိုက်ဆိုင်တာကြောင့် ဇူလိုင်(၁၇)ရက်နေ့မှာ နှစ်ဖက်လူကြီးမိဘများရဲ့ ရှေ့မှာ ကွာရှင်းပြတ်စဲကြောင်းစာချုပ်ကို ရေးထိုးခဲ့ကြပြီး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

play

 

ဒီကြော်ငြာချက်ကို ချမ်းချမ်းဘက်က ထုတ်ပြန်ထားတာ ဖြစ်ပြီး ဘုဏ်းသိုက်နဲ့ပတ်သက်သော ကိစ္စအဝဝဟာ ချမ်းချမ်းနဲ့ ပတ်သက်မှုမရှိတော့ ပါဘူးလို့ ဆိုပါတယ်။

ယင်းကိစ္စနဲ့ ပတ်သက်လို့ Duwun Media  ကနေ ရှေ့နေ ဒေါ်လှလှမြင့်ကို ဆက်သွယ်ရာမှာ ဖုန်းစက်ပိတ်ထားပါတယ်။

play

 

ချမ်းချမ်းကို ဆက်သွယ်ကြည့်ရာမှ ဖုန်းကိုင်ခြင်းမရှိပါဘူး။ ယခုလို ကွာရှင်းခြင်းနဲ့ ပတ်သက်ပြီး ဘုဏ်းသိုက်ကို ဆက်သွယ်ကြည့်ရမှာတော့ ဘုဏ်းသိုက်အနေနဲ့ ဘာမှမသိသေးကြောင်း ပြန်လည်ဖြေဆိုခဲ့ပါတယ်။

"ကျွန်တော်အဲ့ဒါနဲ့ ပတ်သက်ပြီး ဘာမှမသိသေးဘူး။ ကျွန်တော့်ကို မီဒီယာတွေက ဖုန်းဆက်တော့ ၂၆ရက်နေ့ ရိုက်ကူးရေးလုပ်မယ့်ဟာကို အင်တာဗျူး လုပ်မယ်ထင်နေတာ။ ကျွန်တော်ကွာရှင်းတာနဲ့ ပတ်သက်ပြီး ဘာမှမသိသေးဘူး။ ချမ်းချမ်းက အခု တာချီလိတ်သွားနေတာ။ ကျွန်တော်ကလည်း ရန်ကုန်မှာဖြစ်နေပါတယ်။ ကျွန်တော်လည်း သတင်းစာ ဝယ်ဖတ်ကြည့်လိုက်ပါဦးမယ်"ဆိုပြီး ပြောပြခဲ့ပါတယ်။

play

ဘုဏ်းသိုက်နဲ့ ချမ်းချမ်းတို့ဟာ ၂၀၁၃ခုနှစ် ဇူလိုင်(၁၇)ရက်နေ့က လက်ထပ်ခဲ့ကြတာ ဖြစ်ပြီး ရန်ကုန်မြို့ Saint Mary's Cathedral မှာ မင်္ဂလာလက်ထပ်ပွဲကို ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။ အိမ်ထောင်သက်တမ်း(၄)နှစ်ရှိပြီဖြစ်တဲ့ သူတို့နှစ်ဦးမှာတော့ မြမိုးဂင်္ဂါဆိုတဲ့ သမီးတစ်ယောက်လည်း ရှိပါတယ်။

နှစ်ဦးစလုံးဟာ အနုပညာနယ်ပယ်မှာ အောင်မြင်တဲ့ သူများဖြစ်ပါတယ်။

Postby

 

Photo : ဘုဏ်းသိုက်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD