AD
AD
AD

ချစ်သူနဲ့ ပြတ်နေတာကတော့တစ်လလောက် ရှိပြီလို့ သိရပါတယ်။ ချစ်သူသက်တမ်း တစ်နှစ်ကြာမှ အသည်းကွဲဝေဒနာကိုခံစားခဲ့ရတဲ့ ပိုင်တံခွန်ဟာ စိတ်ထွက်ပေါက်တစ်ခုအနေနဲ့ တက်တူးလေးခု ထိုးခဲ့တယ်လို့ ပိုင်တံခွန်ကဆိုပါတယ်။

play

 

"အခုပြတ်နေတာတော့ တစ်လလောက်ရှိပါပြီ။ အသည်းစကွဲ တုန်းက ဘာလုပ်ရမှန်းလည်းမသိ တော့ တက်တူးတွေထိုးလိုက် တယ်။ တက်တူးထိုးတာ အရမ်း နာတာဗျ။ အပ်နဲ့ အသားကြီးကို ခြစ်ချနေတာ။ တစ်နည်းအားဖြင့် တက်တူးထိုးလိုက်တော့ စိတ်ညစ် တာတွေ နည်းနည်းပျောက်သွား သလို ခံစားရတယ်။ ထိုးရင်းနဲ့ များသွားတာ လေးခုဖြစ်သွားပါ တယ်။ ထပ်လည်း ထိုးဦးမှာပါ’’ လို့ သူက ပြောပါတယ်။

play

 

အသည်းကွဲဒဏ်ရာအပြင် အခြားစိတ်ညစ်စရာတွေ ရှိတာကြောင့် အရင်ကထက် ပိုပြီးပိန်သွားခဲ့ပါသေးတယ်။

ပိုင်တံခွန်ဟာ လက်ရှိမှာ အလုပ်တွေ ပိုလုပ်ခွင့်ရသလို ပိုက်ဆံတွေလည်း ပိုပြီး စုမိတဲ့အပြင် စာမေးပွဲကိုလည်း အကောင်းဆုံး ဖြေဆိုနိုင်ခဲ့တယ်လို့ သိရပါတယ်။

play

 

ပိုင်တံခွန်ကတော့ တရုတ်နိုင်ငံ Shanghai မြို့မှာ ကျင်းပတဲ့  Victoria's Secret Fashion Show 2017 ပွဲကို Oppo နဲ့အတူ လက်တွဲပြီး မြန်မာနိုင်ငံကိုယ်စားပြု အနုပညာရှင် တစ်ယောက်အနေနဲ့ ပွဲတက်ခွင့်ရခဲ့ပါသေးတယ်။

နိုဝင်ဘာ(၂၀)ရက်နေ့မှာ ကျင်းပပြီးတဲ့  Victoria's Secret Fashion Show 2017 ကို တက်ခဲ့သလို Shanghai မှာလည်း Oppo နဲ့အတူ ရိုက်ကူးရေးတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

Postby

 

Photo : ပိုင်တံခွန် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD