ဝတ်မှုံရွှေရည်က ပုဂံကို ချစ်တယ်တဲ့။ သူမရဲ့ ဖေ့စ်ဘွတ်မှာ အဲ့လို စာသားလေးနဲ့အတူ ခရီးသွားပုံရိပ်လေးတွေကိုလည်း သူမရဲ့ ဖေ့စ်ဘွတ်မှာ လွန်ခဲ့တဲ့ မိနစ်ပိုင်းက တင်ထားပါတယ်။ ပုဂံကို ရောက်နေတာလားတော့ မသိပါဘူး။

သူမတင်ထားတဲ့ ပုံလေးတွေမှာတော့ ဘုရားမှာ ခေါင်းလောင်းတီးနေတဲ့ပုံလေးတွေရယ် အလှပုံလေးတွေကိုပါ တင်ထားတာ ဖြစ်ပါတယ်။

play

 

ပြင်ဆင်ချယ်သမှုတွေမပါတဲ့ သူမရဲ့ မျက်နှာလေးလည်း တစ်မျိုး ချစ်စရာကောင်းနေတာကို တွေ့ရမှာပါ။ သူမတင်ထားတဲ့ ပုံလေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်တယ်နော်။

ဝတ်မှုံရွှေရည်ကတော့ လက်ရှိမှာ ခရီးသွားနေတာ ဖြစ်ပြီး မကြာခင် ရက်ပိုင်းကမှ လိပ်ပြာစံအိပ်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးပြီးတာလို့ သိရပါတယ်။

play

 

အဲ့ဒီဇာတ်ကားကြီးကိုတော့ ထိုင်းဒါရိုက်တာက ရိုက်ကူးတာ ဖြစ်ပြီး နိုင်းနိုင်း၊ ဒေါင်းနဲ့အတူ သူမက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

အဲ့ဒီရုပ်ရှင်ဇာတ်ကားကြီးကတော့ နိုင်းနိုင်းနဲ့ ဝတ်မှုံရွှေရည်တို့ နှစ်ဦးကို ပထမဆုံး ဆုံစေခဲ့တဲ့ ဇာတ်ကားကြီးလည်း ဖြစ်ပါတယ်။

play

 

ဝတ်မှုံရွှေရည်က ၁၉၈၈ခုနှစ် သြဂုတ်လ (၁၀)ရက်နေ့မှာ မွေးဖွားခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ဟာ Kanebo ကြော်ငြာနဲ့ အနုပညာလောကထဲကို ရောက်ရှိလာတာဖြစ်ပြီး ၂၀၀၈ခုနှစ်မှာ ဇာတ်ကားများ စတင်ရိုက်ကူးခဲ့သလို ကြော်ငြာများနဲ့လည်း လူကြိုက်များလာခဲ့တဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်ခဲ့ပါတယ်။

ကြော်ငြာများနဲ့အတူ ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ ဝတ်မှုံရွှေရည်ဟာ တီဗီကြော်ငြာ ၃၀၀၊ ဗီဒီယိုဇာတ်ကားများ ၂၀၀ကျော်နဲ့ ရုပ်ရှင်ဇာတ်ကား ၃၀ကျော်တို့မှာ ပါဝင်သရုပ်ဆောင်နိုင်ခဲ့တဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်လို့လာခဲ့ပါတယ်။

play

 

ဝတ်မှုံရွှေရည်ဟာ ၂၀၁၃ခုနှစ်မှာ "နင်စေရင်" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကိုရရှိခဲ့ပြီး အဲ့ဒီအကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ခုနှစ် ၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတော ရကျောင်း တိုက်မှာ လှူဒါန်းခဲ့ပါတယ်။ ဆက်လက်ပြီး သူမဟာ ၂၀၁၄ခုနှစ်မှာတော့ "နှလုံးသားနဲ့ပြုလုပ်သည်" ရုပ်ရှင်ဇာတ် ကားကြီး နဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆိုကို ရရှိခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

Postby

 

Photo : ဝတ်မှုံရွှေရည် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video