ရွှေပိုးအိမ်ကတော့ သူမအကြောင်း  မဟုတ်မမှန်ပြောဆို ရေးသားသူတွေကို တရားစွဲဆိုမယ် ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးလိုက်ပါတယ်။ အဲ့ဒီပို့စ်လေးကတော့ သူမရဲ့ အကောင့်မှာ လွန်ခဲ့တဲ့ မိနစ်ပိုင်းက တင်လိုက်တာ ဖြစ်ပါတယ်။

သူမတင်လိုက်တဲ့ ပို့စ်ကတော့ မိနစ်ပိုင်းလောက်မှာ Like က ထောင်ကျော်သွားပါတယ်။ ပရိသတ်တွေကလည်း အောက်က ကောမန့်မှာ သူမကို အားပေးစကားတွေ ဆိုထားလည်း တွေ့ရပါတယ်။

play

 

နိုဝင်ဘာလ ၂၄ ရက်နေ့မှာ ချမ်းချမ်းက ဘုဏ်းသိုက်နဲ့ ကွာရှင်းပြီးဖြစ်ကြောင်း သတင်းစာထဲမှာ ပါလာပြီးတဲ့နောက် ကောလာဟလသတင်းတွေ ထွက်လာခဲ့ပြီး သရုပ်ဆောင် ရွှေပိုးအိမ်ကိုလည်း ရိုက်ခတ်မှုတွေ ရှိလာပါတယ်။

play

 

ထွက်နေတဲ့သတင်းကတော့ ဘုဏ်းသိုက်က ရွှေပိုးအိမ်နဲ့ ငြိစွန်းလို့ သူတို့အိမ်ထောင်ရေး ပြိုကွဲရတယ်ဆိုတဲ့ သတင်းတွေ ဖြစ်ပါတယ်။

အဲဒီသတင်းနဲ့ ပတ်သက်ပြီး ရွှေပိုးအိမ်တစ်ယောက် ဝမ်းနည်းလို့နေပါတယ်။

play

 

သူမရဲ့ ဖေ့စ်ဘွတ်မှာလည်း "ငါဟိုဘဝက သူများတွေကိုမတရားပြောခဲ့လို့နဲ့တူပါတယ်။ ဝဋ်ကြွေးရှိလည်းကျေပါစေတော့" လို့ ရွှေပိုးအိမ်က ဒီနေ့ (နိုဝင်ဘာလ ၂၅ ရက်) မနက်ခင်းမှာ ရေးသားထားပါတယ်။

လတ်တလောမှာတော့ ရွှေပိုးအိမ်က မီဒီယာတွေရဲ့မေးမြန်းမှုကို ဖြေဆိုပေးခြင်း မရှိသေးပါဘူး။

play

 

တည်ငြိမ်အေးချမ်းတဲ့ အလှပိုင်ရှင်မလေး ရွှေပိုးအိမ်ဟာ  ပရိသတ်တွေရဲ့သဘောကျလက်ခံမှုကိုရရှိလာသူတစ်ယောက်လည်း ဖြစ်ပါတယ်။

Postby

 

Photos : ရွှေပိုးအိမ်ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video