AD
AD
AD

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းရဲ့ မင်္ဂလာပွဲကိုတော့ ဒီနေ့(နိုဝင်ဘာ၂၆ရက်)က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါ တယ်။ အဆိုတော် သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းရဲ့ မင်္ဂလာပွဲကိုတော့ ဖိတ်ကြားထားတဲ့ ဧည့်သည် များနဲ့ သူငယ်ချင်းများ အနုပညာ အသိုင်းအဝိုင်းက လုပ်ဖော်ကိုင်ဖက်များက တက်ရောက်အားပေးခဲ့ကြပါတယ်။

နန်းမြတ်ဖြိုးသင်းရဲ့ မင်္ဂလာပွဲမှာတော့ သတို့သား သတို့သမီးအရံ များအဖြစ် လွှမ်းပိုင်၊ ကျော်ထွဋ်ဆွေ၊ Bobby Soxer ၊ နန်းသူဇာတို့က ပါဝင်ပေးခဲ့တာ ဖြစ်ပါတယ်။ ကိုတာတာမျိုးနဲ့ နန်းမြတ်ဖြိုးသင်းတို့ဟာ ချစ်သူသက်တမ်း သုံးနှစ်ခွဲလောက်မှာ လက်ထပ်ထိမ်းမြားခဲ့တာလည်း ဖြစ်ပါတယ်။ 

play

 

နန်းမြတ်ဖြိုးသင်းတို့ ဇနီးမောင်နှံရဲ့ မင်္ဂလာပုံရိပ်များကိုလည်း ပရိသတ်များအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

ကိုတာတာမျိုးနဲ့ နန်းမြတ်ဖြိုးသင်းတို့က နိုဝင်ဘာ(၉)ရက်နေ့က ငွေဆောင်ကမ်းခြေမှာ မင်္ဂလာလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပြီး နိုဝင်ဘာ(၁၈)ရက်နေ့ မနက်ပိုင်းက သင်္ကန်းကျွန်းမြို့နယ်မှာရှိတဲ့ ကံကော်မြိုင်သာသနာ့ ရိပ် သာ ဘုန်းကြီးကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေးအလှူကို ပြုလုပ်ခဲ့ပါသေးတယ်။  လာမယ့် နိုဝင်ဘာ(၂၇)ရက်နေ့မှာလည်း အင်းယားလိပ်ဟိုတယ်မှာ ညစာစားပွဲ ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။

play

 

ခင်ပွန်းလောင်း ကိုတာတာမျိုးကတော့ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းထက် လေးနှစ်ကြီးပြီး သူမရဲ့ အလုပ်နဲ့ ပတ်သက်ပြီးတော့လည်း နားလည်မှု ပေးထားတယ်လို့ ဆိုပါတယ်။

play

 

"ချစ်သူသက်တမ်း သုံးနှစ်ခွဲလောက်ရှိပြီး ခင်ပွန်းလောင်းက နန်းမြတ်ထက် လေးနှစ်ကြီးပါတယ်။ အလုပ်နဲ့ပတ်သက်လို့ သူကတော့ နားလည် ပေးထားတယ်။ ဘာမှလည်း ဝင်မလုပ်ဘူး၊ မစွပ်ဖက်ဘူး ကိုယ်နဲ့ ကိုယ့်အစ်မပဲ တိုင်ပင်ပြီးလုပ်ဖြစ်တာများတယ်။ သူနဲ့ကိုယ့်ကြားမှာ ထွေထွေ ထူးထူး အမှတ်တရရယ်လို့တော့မရှိပါဘူး ကိစ္စတိုင်းကတော့ အမှတ်တရဖြစ်ပါတယ်။ သူကတော့ နန်းမြတ်အတွက် ယုံကြည်အားကိုး ရမယ့် လူတစ်ယောက်လို့ ထင်ပါတယ်'' လို့ Duwun Media ကို ဖြေဆိုခဲ့ဖူးပါတယ်။

play

 

နန်းမြတ်ဖြိုးသင်းအနေနဲ့ အိမ်ထောင်ပြုပြီးခဲ့ရင်တောင် အနုပညာအလုပ်တွေ ဆက်လုပ်သွားဦးမယ်လို့ ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD