နေတိုးက သူ ရူးခါနေအောင် ကြိုးစားခွင့်ရခဲ့တဲ့ တာတေကြီး ရုပ်ရှင်ဇာတ်ကားကို ရူးခါနေအောင် အားပေးကြလို့ ပရိသတ်ကို ရူးခါနေအောင် ကျေးဇူးတင်တယ်လို့ ပြောလိုက်တာဖြစ်ပါတယ်။

play

 

"လက်ရှိစကားလုံးတစ်လုံးကိုယူသုံးရရင် ကျွန်တော်ရူးခါနေအောင်ကြိုးစားခွင့်ရခဲ့တဲ့ တာတေကြီးရုပ်ရှင်ကို အခုလိုရူးခါနေအောင် အားပေးကြတာတွေကိုတွေ့ရတော့ ရူးခါနေအောင်ကိုကျေးဇူးတင်ပါတယ်ခင်ဗျာ ....ပရိသတ်ပေးတဲ့အားတွေနဲ့ အတူ ဒီထက်မက အင်အားကြီးသောအနုပညာတွေကို ကြိုးစားဖန်တီး သွားပါ့မယ်လို့ပြောကြားရင်း .....ထာဝရ...နေတိုး" လို့ နေတိုးက သူ့ရဲ့ဖေ့စ်ဘွတ်မှာ ရေးသားထားတာဖြစ်ပါတယ်။

အဲဒီစာနဲ့အတူ တာတေကြီး ဇာတ်ကားကို သဘောကျကြောင်း ပြောထားတဲ့ ပရိသတ်ရဲ့ ဖေ့စ်ဘွတ်ပို့စ်တွေကို နေတိုးက Screenshot ရိုက်ပြီး ပြထားပါတယ်။

play

 

"ကြက်သီးတွေ တဖြန်းဖြန်းထမိတယ် မမတာရေ..သရုပ်ဆောင်မှော်အစွမ်းကတော့ အံ့မခန်းပါပဲ။ နိုင်ငံခြားကားကို မှီငြမ်းထားလို့ အကယ်ဒမီမပေးဘူးဆိုရင်တော့ လုံးဝကို မတရားဘူး" လို့ တစ်ဦးက နေတိုးရဲ့သရုပ်ဆောင်ချက်တွေ ကောင်းကြောင်း ရေးသား ချီးကျူးထားတာကိုလည်း တွေ့ရပါတယ်။

ပရိသတ်အများစုက ဒီဇာတ်ကားကောင်းကြောင်းကို ချီးမွမ်းပြောကြားထားတာကြပါတယ်။

ဒါရိုက်တာ ဝိုင်းရိုက်ကူးထားတဲ့ တာတေကြီးရုပ်ရှင်ဇာတ်ကားက မှီငြမ်းထားတဲ့ ဇာတ်ကားဖြစ်ကြောင်းကို ဇာတ်ကားမရိုက်ကူးခင်ကတည်းက ဝန်ခံထားတာ ဖြစ်ပါတယ်။

play

 

ဒီဇာတ်ကားဟာ အိန္ဒိယ ရုပ်ရှင်Kanchana ကို မှီငြမ်းရိုက်ကူးထားတာ ဖြစ်သော်လည်း ရာနှုန်းပြည့် ကြိုးစားပြီး အကုန်အကျခံ ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်တယ်လို့သိရပါတယ်။

တာတေကြီး ရုပ်ရှင်ဇာတ်ကားမှာ နေတိုးက အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပြီး မိန်းကလေးပုံစံ ဝတ်ဆင်ထားတဲ့ နေတိုးရဲ့ ဇာတ်ဝင်ခန်းဓာတ်ပုံများ အွန်လင်းမှာ ပျံ့ခဲ့စဉ်ကတည်းက ပရိသတ်တွေစိတ်ဝင်စားမှု ရှိခဲ့တာ ဖြစ်ပါတယ်။

မှီငြမ်းထားတဲ့ ဇာတ်ကားဖြစ်တာကြောင့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးရာမှာ ဒါရိုက်တာ၊ ဇာတ်ညွှန်းနဲ့ ထုတ်လုပ်သူတို့ကို အကယ်ဒမီ ပေးမှာမဟုတ်ပေမယ့် သရုပ်ဆောင်များကတော့ အကယ်ဒမီပေးတယ်လို့ ဒါရိုက်တာ ဝိုင်းက ပြောပြခဲ့ပါတယ်။

တာတေကြီး ရုပ်ရှင်ဇာတ်ကားဟာ နိုဝင်ဘာ(၂၄) ရက်နေ့ကစပြီး ရန်ကုန်၊ မန္တလေး နဲ့ နယ်မြို့များမှာ တစ်ပြိုင်တည်း ရုံတင်ပြသနေပြီ ဖြစ်ပါတယ်။

Photos : Nay Toe Facebook

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video