ဖေ့စ်ဘွတ်အကောင့် ရက်အနည်းငယ်ကြာ ဟက်ခံထားရတာကြောင့် စီစဉ်ထားတဲ့ လူမှုအကျိုးပြု လုပ်ငန်းတွေ ထိခိုက်ခဲ့ရတယ်လို့ သက်မွန်မြင့်က ဆိုပါတယ်။

သက်မွန်မြင့် အသုံးပြုတဲ့ page နဲ့ အကောင့်ကို နိုဝင်ဘာ (၂၃)ရက်နေ့က ပြန်လည်ရရှိခဲ့ပေမယ့်လည်း အကောင့်ဟက်ခံရတဲ့အချိန်အတွင်း အများအကျိုးပြု ပရဟိတ လုပ်ငန်းတွေ၊ လူမှုကွန်ရက်နဲ့ ချိတ်ဆက်ပြီး လုပ်ကိုင်ဖို့ စီစဉ်ထားတာတွေ ပျက်ကွက်ခဲ့တယ်ဆိုပြီး သက်မွန်မြင့်က ဆိုပါတယ်။

play

 

‘‘ပြန်ရတယ်ဆိုတာက သက် မွန်က Bluemark ရထားတဲ့အ တွက် ဖေ့စ်ဘွတ်ခ်ကနေ ပြန်ပေး တဲ့သဘောပါ။ Bluemark ရ အောင် လုပ်ထားတဲ့ဆီကနေ ပြန် ချိတ်ဆက်ပြီး ပြန်ပေးတာပေါ့။ ဟက်တဲ့သူကတော့ သူတို့က သက်မွန် Page မှာ စကားလာ ပြောပါဆိုပြီး တင်တယ်။ သက်မွန်ကလည်း ပြန်မပြောဖြစ်ဘူး။ မပြောဖြစ်ဘူးဆိုတာက တခြား အကောင့်တွေပါ သူတို့က ယူသွား တာဆိုတော့ ဖေ့စ်ဘွတ်ခ်သုံးလို့ မရဘူး။ အဲဒါကြောင့် သူတို့နဲ့မ ပြောဖြစ်ဘူး။ နောက်တစ်ကြိမ် Page မှာ စကားလာပြောခိုင်း တယ်။ မပြောဖြစ်ဘူး။ ကိုယ်လည်း ပြောချင်တဲ့ဆန္ဒ သိပ်မရှိဘူး’’လို့ Duwun Media ကို ဖြေဆိုပေးထားပါတယ်။

play

 

အကောင့်ဟက်ခံရတာကြောင့် ပရိသတ်တွေနဲ့လည်း အဆက်အသွယ်ပြတ်သွားသလို ပရဟိလုပ်ငန်း တော်တော်များများလည်း ထိခိုက်ခဲ့ရပါသေးတယ်တဲ့။

"ပရဟိတ လုပ်ငန်းတွေ ဖြစ်တဲ့ ကလေးသူငယ်တွေ မတ္တာဖြင့်သာ ပျိုးထောင်ပါ ဆိုတဲ့ ကမ်ပိန်းလည်း လွတ်သွား တယ်။ လွတ်သွားတယ်ဆိုတာ ဖုန်းနဲ့ဆက်သွယ်တာမဟုတ်ဘူး။ Messenger နဲ့ဆက်သွယ်တာဖြစ် တဲ့အတွက် အကောင့်ပါသွား တော့ အဆက်အသွယ်အကုန် ပြတ်သွားတယ်။ နောက် ဂျပန်ဦး နှောက်ရောင် သက်မွန်ရိုက်ပေး ထားတာရှိတယ်။ အဲဒါလည်း လွတ်သွားတယ်။ သက်မွန်တစ် ယောက်တည်းထိခိုက်တာမဟုတ် ဘူး။ သက်မွန်လုပ်နိုင်တဲ့ နည်း နည်းပဲဖြစ်ဖြစ်၊ များများပဲဖြစ်ဖြစ် အဲဒီလို ပရဟိတလေးတွေ ရှိ တယ်။ ဒါမျိုးတွေပါ ထိခိုက်တာ ဆိုတော့ တော်တော်လေးစိတ်မ ကောင်းဖြစ်ပါတယ်" လို့ သူမက ဆက်ပြီး ပြောပြခဲ့ပါတယ်။

 

play

 

အခုဆိုရင် ဖေ့စ်ဘွတ်အကောင့်တွေလည်း ပြန်ရနေပြီဖြစ်လို့ ပရိသတ်တွေနဲ့လည်း ပြန်ပြီး အဆက်အသွယ် ပြုလုပ်လျက်ရှိပါတယ်။ သက်မွန်မြင့်ကတော့ သရုပ်ဆောင်လောကမှာ ပရိသတ်အားပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး ၂၀၁၂ခုနှစ်မှာ ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ " အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်" ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ဆုကို ရရှိထားသူ တစ်ဦး ဖြစ်သလို ၂၀၁၆ခုနှစ်က ကျင်းပခဲ့တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန် ဆုပေးပွဲမှာ "ချစ်လှစွာသောအမုန်း" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။

Postby

 

Photo : သက်မွန်မြင့် ဖေ့စ်ဘွတ်ပေ့ခ်ျ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video