အဆိုတော် အနဂ္ဂနဲ့ သံသာဝင်းတို့ရဲ့ သမီးဦးလေးကိုတော့ နိုဝင်ဘာ(၂၇)ရက်နေ့ နေ့လည်အချိန်က မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သမီးလေးကတော့ မွေးဖွားချိန်မှာ (၇)ပေါင်နဲ့ (၅)အောင်စရှိတယ်လို့ သိရပါတယ်။

အနဂ္ဂနဲ့ သံသာဝင်းတို့ရဲ့ သမီးဦးလေးကိုတော့ ပန်းလှိုင်ဆေးရုံကြီးမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

play

 

သမီးလေးကို မွေးဖွားပေးခဲ့တဲ့ Ma Pinky @ Dr.May Thu Myo Nyunt နဲ့ အဖွဲ့ သားများ, Ma Thet @ Dr.Thet Thet Mar, အထူး ဂရုစိုက်စောင့်ရှောက်ပေးကြပါသော ပန်းလှိုင်ဆေးရုံကြီးမှ Dr. ရဲမိုးမြင့် နှင့် ဇနီး မသီတာစိုး, မသက်@ Dr. Thet Thet Khine, တာဝန်ကျ ဆရာ ဆရာမများနှင့် ဝန်ထမ်းများ အားလုံးကို လှိုက်လှိုက်လဲလဲ အထူးကျေးဇူးတင်ရှိပါကြောင်းကိုလည်း သံသာဝင်းက သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာ တွေ့ရပါတယ်။

play

 

သမီးလေးကို ဒီဇင်ဘာလဆန်းလောက်မှာ မွေးဖွားဖို့ စီစဉ်ထားပေမယ့် ခန့်မှန်းထားတဲ့ လထက် တစ်လကြိုပြီး မွေးဖွားခဲ့တာလည်း ဖြစ်ပါတယ်။

အနဂ္ဂနဲ့သံသာဝင်းတို့ ဟာ ၂၀၁၂ခုနှစ် ဒီဇင်ဘာမှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ လက်ထပ်ပွဲကိုတော့ သူတို့နှစ်ဦးရဲ့ ချစ်သူသက်တမ်း လေးနှစ်အကြာမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Postby

 

Photo : သံသာဝင်းဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video