ကိုတာတာမျိုးနဲ့ သရုပ်ဆောင် အဆိုတော် နန်းမြတ်ဖြိုးသင်းရဲ့ မင်္ဂလာညာစာစားပွဲကိုတော့ ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်မှာ နိုဝင်ဘာ(၂၇)ရက်နေ့ညက ကျင်းပပြုလုပ်ခဲ့ပါတယ်။

မင်္ဂလာညစာစားပွဲကိုတော့ ဖိတ်ကြားထားတဲ့ သူတွေ မိတ်ဆွေတွေ အနုပညာမောင်နှမတွေက တက်ရောက် ချီးမြှင့်ခဲ့ကြပါတယ်။

play

 

နန်းမြတ်ဖြိုးသင်းတို့ ဇနီးမောင်နှံရဲ့ မင်္ဂလာညစာစားပွဲ ပုံရိပ်များကို ပရိသတ်များအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းရဲ့ မင်္ဂလာပွဲကိုတော့ ဒီနေ့(နိုဝင်ဘာ၂၆ရက်)က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ကြတာ ဖြစ်ပြီး သူတို့နှစ်ဦးကတော့ နိုဝင်ဘာ(၉)ရက်နေ့က ငွေဆောင်ကမ်းခြေမှာ မင်္ဂလာလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။

နိုဝင်ဘာ(၁၈)ရက်နေ့ မနက်ပိုင်းက သင်္ကန်းကျွန်းမြို့နယ်မှာရှိတဲ့ ကံကော်မြိုင်သာသနာ့ ရိပ် သာ ဘုန်းကြီးကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူကို ပြုလုပ်ခဲ့ပါသေးတယ်။

play

 

ခင်ပွန်းလောင်း ကိုတာတာမျိုးကတော့ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းထက် လေးနှစ်ကြီးပြီး သူမရဲ့ အလုပ်နဲ့ ပတ်သက်ပြီးတော့လည်း နားလည်မှု ပေးထားတယ်လို့ ဆိုပါတယ်။

"ချစ်သူသက်တမ်း သုံးနှစ်ခွဲလောက်ရှိပြီး ခင်ပွန်းလောင်းက နန်းမြတ်ထက် လေးနှစ်ကြီးပါတယ်။ အလုပ်နဲ့ပတ်သက်လို့ သူကတော့ နားလည် ပေးထားတယ်။ ဘာမှလည်း ဝင်မလုပ်ဘူး၊ မစွပ်ဖက်ဘူး ကိုယ်နဲ့ ကိုယ့်အစ်မပဲ တိုင်ပင်ပြီးလုပ်ဖြစ်တာများတယ်။ သူနဲ့ကိုယ့်ကြားမှာ ထွေထွေ ထူးထူး အမှတ်တရရယ်လို့တော့မရှိပါဘူး ကိစ္စတိုင်းကတော့ အမှတ်တရဖြစ်ပါတယ်။ သူကတော့ နန်းမြတ်အတွက် ယုံကြည်အားကိုး ရမယ့် လူတစ်ယောက်လို့ ထင်ပါတယ်'' လို့ Duwun Media ကို ဖြေဆိုခဲ့ဖူးပါတယ်။

play

 

နန်းမြတ်ဖြိုးသင်းအနေနဲ့ အိမ်ထောင်ပြုပြီးခဲ့ရင်တောင် အနုပညာအလုပ်တွေ ဆက်လုပ်သွားဦးမယ်လို့ ဆိုပါတယ်။

Postby

 

Photo : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video