မင်္ဂလာပွဲမှာ မိတ်ကပ်ပြင်ဆင်မှုနဲ့ ပတ်သက်ပြီး ဝေဖန်တိုက်ခိုက်မှုတွေ လှောင်ပြောင်တာတွေနဲ့ပတ်သက်ပြီး နန်းမြတ်ဖြိုးသင်းတစ်ယောက် စိတ်မကောင်းဖြစ်လို့နေပါတယ်။

သူမကို ကူညီပေးတဲ့သူတွေအတွက်လည်း အားလဲ နာနေရပါတယ်တဲ့။ အဲ့ဒါကြောင့် သူမရဲ့ မင်္ဂလာပွဲမှာ ကူညီပေးကြတဲ့ သူတွေကို မတိုက်ခိုက်ကြဖို့နဲ့ လှောင်ပြောင်တာတွေအားလုံး မလုပ်ကြဖို့ကို သူမရဲ့ ဖေ့စ်ဘွတ်ကနေ တောင်းပန်လိုက်ပါတယ်။

play

 

"နန်းမြတ်ရဲ့မင်္ဂလာပွဲမှာကူညီပေးကြတဲ့သူတွေကိုမတိုက်ခိုက်ကြပါနဲ့၊ Troll နေတာတွေ တစ်ယောက်ကိုလဲမဟုတ် နှစ်ယောက်ကိုလဲမဟုတ်

အားလုံးကစေတနာမေတ္တာအပြည့်နဲ့ကူညီကြတာပါ။  အဲ့လိုတွေမြင်နေရတော့ နန်းမြတ်စိတ်လဲမကောင်းဘူး အားလဲနာရပါတယ်။

တောင်းပန်ပါတယ်။တော်ကြပါတော့နော်" ဆိုပြီး ပြောထားပါတယ်။

သူမစိတ်မကောင်းဖြစ်နေတာနဲ့ ပတ်သက်ပြီး အဆိုတော် နန်းသူဇာကလည်း ယခုလို အားပေးစကားပြောထားတာ တွေ့ရပါတယ်။

play

 

" Nann Myat ရေ စိတ်မကောင်းမဖြစ်နဲ့တော့နော် ☺️နန်းမြတ်ရဲ့ ဘဝ အမှတ်တရနေ့ရက် တစ်ခုမှာ ကူညီပေးရတာကို

ပျော်ပြီးကျေနပ်နေပါပြီ ဘာပုံ ဘယ်လိုတက်လာလာ ပွဲ နှစ်ပွဲလုံး စိတ်ညစ်စရာမရှိ ပျော်ပျော်ရွှင်ရွှင်ပဲ ပြီးခဲ့ကြတယ် လေ နော် ☺️" ဆိုပြီး အားပေးထားပါတယ်။

play

 

နန်းသူဇာလိုပဲ Bobby Soxer ကလည်း "မရေ စိတ်ထဲမထားပါနဲ့ အကုန်လုံးကအရေထူပြီးသားလူတွေချည်းပဲလေ ကိုယ့်ဘ၀နဲ့ကို အားလုံးက ပျော်နေကြတဲ့သူတွေကြီးပဲကို အပျော်သက်သက်စတာ နောက်တာလေးတွေနဲ့ စိတ်အနှောက်အယှက် အဖြစ်ခံမနေနဲ့နော် " ဆိုပြီး ရေးထားပါတယ်။

play

 

သူမတို့လိုပဲ အနုပညာမောင်နှမတွေ ပရိသတ်တွေလည်း စိတ်မညစ်ဖို့ စိတ်မကောင်းမဖြစ်ဖို့ အားပေးစကားတွေ ပြောထားတာကိုလည်း တွေ့ရပါတယ်။

ကိုတာတာမျိုးနဲ့ နန်းမြတ်ဖြိုးသင်းတို့ကတော့ နိုဝင်ဘာ(၉)ရက်နေ့က ငွေဆောင်ကမ်းခြေမှ မင်္ဂလာလက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပြီး နိုဝင်ဘာ(၁၈)ရက်နေ့က မနက်ပိုင်းက သင်္ကန်းကျွန်းမြို့နယ်မှာရှိတဲ့ ကံကော်မြိုင်သာသနာ့ ရိပ် သာ ဘုန်းကြီးကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူကို ပြုလုပ်ခဲ့ပါတယ်။

play

 

မင်္ဂလာပွဲကိုတော့ (နိုဝင်ဘာ၂၆ရက်)က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ကြတာ ဖြစ်ပြီး  ညစာစားပွဲကိုတော့ နိုဝင်ဘာ(၁၇)ရက်နေ့ညက အင်းလျားလိတ်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

နန်းမြတ်ဖြိုးသင်းအနေနဲ့ အိမ်ထောင်ပြုပြီးခဲ့ရင်တောင် အနုပညာအလုပ်တွေ ဆက်လုပ်သွားဦးမယ်လို့ ဆိုပါတယ်။

Postby

 

photo : 7day Daily ၊ နန်းမြတ်ဖြိုးသင်း

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video