We love Ei Chaw Po အဖွဲ့ထဲက ပရိသတ်တစ်ဦး ကွယ်လွန်သွားတာကြောင့် အိချောပို စိတ်မကောင်းဖြစ်လို့နေပါတယ်။ မိသားစုနဲ့ထပ်တူ ဝမ်းနည်းနေရတယ်ဆိုပြီးတော့လည်း သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

We Love Ei Chaw Po အဖွဲ့ဝင်တစ်ဦး ဆုံးရှုံးသွားရတဲ့အတွက်လည်း တကယ့်ကို စိတ်မကောင်းဖြစ်လို့နေပါတယ်ဆိုပြီး ပြောပြထားပါတယ်။

play

 

"မိသားစုနှင့် ထပ်တူဝမ်းနည်းမိပါတယ် ကိုကြီးကျော်ဇင်လှိုင်ရေ...

ကျမရဲ့ မိသားစုလို ရင်းနှီးချစ်ခင်, ရဲဘော်ရဲဘက်လို အားကိုးရတဲ့ We Love Ei Chaw Po အဖွဲ့ဝင်တစ်ဦး ဆုံရှုံးသွားရပြီပေါ့...

တကယ်စိတ်မကောင်းဖြစ်မိတယ်...

နောက်ဆို We Love တွေနဲ့ ပျော်ပျော်ပါးပါး တွေ့ဆုံပွဲလေးတွေလည်း မလာနိုင်တော့ဘူးပေါ့နော်...

ကျမရဲ့ ချစ်လှစွာသော ပရိတ်သတ်တစ်ယောက် ဆုံးရှုံးသွားရတာ ကျမအတွက် အင်အားတစ်ခုလျော့နည်းသွားသလို ခံစားမိပါတယ်...

ပျော်ပျော်နေတတ်တဲ့ ကိုကြီးကျော်ဇင်လှိုင်...

ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပေးနေပါတယ်ရှင်"လို့ ရေးသားထားပါတယ်။

play

 

အိချောပိုဟာ သူမရဲ့ ပရိသတ်တွေက သည်းသည်းလှုပ်ချစ်ရတဲ့ သရုပ်ဆောင် တစ်ဦး ဖြစ်သလို ပရိသတ်တွေကိုလည်း အရမ်းချစ်တဲ့ အနုပညာရှင် တစ်ဦးလည်း ဖြစ်ပါတယ်။

အိချောပိုက လက်ရှိမှာ "င့ါဥ" ဆိုတဲ့ ဇာတ်ကားမျာ ကျော်ရဲအောင်၊ ခန့်စည်သူ၊ ဇေရဲထက်၊ ညီထွဋ်ခေါင်း၊ ကျော်ကျော်တို့နဲ့အတူ ပါဝင်သရုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။

Photo : အိချောပို ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video