သရုပ်ဆောင် စံရတီမိုးမြင့်ကတော့ ဇာတ်ကားရိုက်ကူးမှုနဲ့ ပတ်သက်ပြီး ကားရိုက်အနည်းငယ် ကျဲနေတာ တွေ့ရပါတယ်။

သူမကို ဇာတ်ကားရိုက်ကူးဖို့ အများကြီး လာချိတ်ကြပေမယ့် သူမကိုယ်တိုင် ဇာတ်လမ်းရွေးနေသလို ရှုတင်နေရာလည်း ရွေးနေတာကြောင့် ကားရိုက် နည်းနည်းကျဲသွားတာလို့ ဆိုပါတယ်။

play

 

"သဲကို အများကြီးလာ ချိတ်ကြတယ်။ သဲဇာတ်ရွေးတယ်။ နေရာလည်းရွေးတယ်။ ဘာလို့လဲဆိုတော့ အခုနောက်ပိုင်း မေမြို့ တို့၊ ကလောတို့မှာ ဇာတ်လမ်းတွဲတွေ တည်ကြတာ များတယ်။ သဲကျတော့ အိမ်မှာ လူကြီးဆိုလို့ အမေပဲရှိတယ်။ မောင်လေး အ ငယ်နှစ်ယောက်နဲ့ တူမလေးရယ် ပဲရှိတော့ အခုတူမလေး ကျောင်းတက်နေတဲ့အချိန်မှာ အမေက နယ်ဘက်ကို ရက်ရှည်ဆိုမလိုက်ပေးနိုင်ဘူး။ အဲဒီလိုဖြစ်တော့ ဇာတ်လည်းရွေး၊ ရိုက်မယ့်နေရာ လည်း ရွေးနေတာကြောင့် နည်း နည်းကျဲသွားတာပေါ့’’လို့ သူမက ပြောပါတယ်။

play

 

ဇာတ်ကားရိုက်ကူးမှုနဲ့ အနည်းငယ်အလှမ်းဝေးနေချိန်မှာတော့ သူမက ခန္ဓာကိုယ် အလေးချိန် ပေါင် ၁၃၀ ကနေ ၁၁၃ပေါင်အထိ ဝတ်ချနိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီးတော့လည်း ယခုလို ပြောပြခဲ့ပါသေးတယ်။

"သဲကျန်းမာရေး သိပ် မကောင်းတဲ့အတွက် ခဏလေး နားတာပါ။ အခုတော့ ပြန်လုပ်နေ ပါပြီ။ သဲထမင်းလျှော့စားတယ်။ ခါတိုင်းသဲတို့ ဗမာထမင်း၊ ဟင်း စားပြီဆို အဆီအနှစ်တွေနဲ့ စားကြတယ်။ ထမင်းလည်းကြိုက်တယ်။ အဲဒါကြောင့် အဲဒီလိုမစားတော့ ဘူး။ အရွက်များများစားတယ်။ ဆီကြော်စာလျှော့စားတယ်။ ထမင်းကို တူနဲ့စားတယ်။ တူနဲ့ဆို သိပ်မဝင်ဘူးလေ။ ညပိုင်းကို ထမင်းမစားဘူး။ အချိုရည် မသောက်ဘူး။ ဒီနေ့မှ ပထမဦးဆုံးပြန်သောက်တာပါ။ ဝိုင်တော့ နည်းနည်းသောက်တယ်။ အရက် တော့ လုံးဝမသောက်ပါဘူး’’လို့ 7day Daily မှာ ဖြေဆိုထားပါတယ်။

Source : 7day Daily

Photo  : စံရတီမိုးမြင့် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video