ဒီနေ့(နိုဝင်ဘာ ၃၀ရက်)မှာ ကျရောက်တဲ့ ပြေတီဦးရဲ့ မွေးနေ့ကိုတော့ ဖောင်ဒေးရှင်းက ကလေးများနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ ပြေတီဦးရဲ့ မွေးနေ့နဲ့အတူ ဖောင်ဒေးရှင်းရဲ့ ၂၀၁၇-၂၀၁၈ ခုနှစ်(၈)ကြိမ်မြောက် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲကို အတူတူပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

မွေးနေ့လေးမှာ အခုလို ဖြတ်သန်းခဲ့ရတဲ့ ပြေတီဦးတစ်ယောက် ပျော်လို့နေပါတယ်။ သူ့ရဲ့ ခံစားချက်ကိုလည်း လွန်ခဲ့တဲ့ မိနစ်က ရေးသားထားပါတယ်။

play

 

"မွေးနေ့မှာထုံးစံအတိုင်း ဖောင်ဒေးရှင်းမှ သားသမီးများနှင့်တွေ့ဆုံ....

ဆရာဝန်တွေ ဖြစ်သွားကြတာက ၁၅ ယောက်...

အသစ်စက်စက် မျိုးဆက်သစ်က ၁၅ ယောက်...

ဝမ်းသာပီတိက ပြောပြလို့မရနိုင်လောက်အောင်ပါပဲ...

ဘဝအတွေ့အကြုံတွေ ခံစားချက်တွေ ပြောပြကြတော့

သူတို့လည်းငို ကိုလည်းမျက်ရည်ကျပေါ့...

နားထောင်ပြီးတော့ ဆုံးဖြတ်မိတာက အခက်အခဲတွေကို

အကိုကြီး တယောက်အနေနဲ့ အတတ်နိုင်ဆုံး

တာဝန်ယူဖြေရှင်း ပေးမယ်လို့....

ကျေးဇူးတင်တာက ဖောင်ဒေးရှင်းကနေကျောင်းတက်ပြီး အောင်မြင်သွားတာကို ဂုဏ်ယူစရာလို့သတ်မှတ်ကြတာပါပဲ

မျိုးဆက်သစ်တွေကို စီနီယာ အကို အမတွေကပြောပြ

လမ်းညွှန်ပေးသွားတာ ကျေနပ်လို့မဆုံးဘူး...

တချိန်မှာတိုင်းပြည်ကအားထားရတဲ့ အဖိုးတန်တဲ့သူတွေဖြစ်

ကြပါစေ ညီတို့ ညီမတို့ရေ...." ဆိုပြီး ပြောထားပါတယ်။

play

 

ပြေတီဦးဖောင်ဒေးရှင်းကို ငွေကျပ်(၁၀)သန်းနဲ့ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ပြေတီဦးဖောင်ဒေးရှင်းရဲ့ ရန်ပုံငွေပွဲကိုလည်း ၂၀၁၁ခုနှစ် ဒီဇင်ဘာ(၄)ရက်နေ့က သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်းမှာ အနုပညာရှင်တွေများစွာနဲ့ ကျင်းပခဲ့ပါတယ်။

နှစ်စဉ်ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ် အတွက် ကျောင်းသားကျောင်းသူများကို ထောက်ပံ့ကြေး ပေးလျက်ရှိရာ ယခုနှစ် ၂၀၁၇-၂၀၁၈ ပညာနှစ်အတွက်ကိုလည်း ဖောင်ဒေးရှင်း က ထောက်ပံ့မယ့် ကျောင်းသားကျောင်းသူများကို အပြီးသတ်ရွေးချယ်ပေးခဲ့ပါပြီ။

Photo : ပြေတီဦး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video