အဆိုတော် ပန်းရောင်ခြယ်က ပုပ်ရဟန်းမင်းကြီးရဲ့ လူထုမစ္ဆားတရားပွဲမှာ ဖခင်နဲ့အတူ ပါဝင်ဖျော်ဖြေခွင့်ရခဲ့ပါတယ်။

နိုဝင်ဘာ(၃၀)ရက်နေ့က ပြုလုပ်ခဲ့တဲ့ Youth Mass (လူငယ်ထုနှင့် ဝတ်ပြုဆုတောင်းပွဲ) မှာလည်း ဆာလံသီချင်း သီဆိုခွင့်ရရှိခဲ့တဲ့ အကြောင်းကို လည်း ယခုလို ပြောပြခဲ့ပါတယ်။

play

‘‘Youth Mass မှာ ဆာလံဆို ဖို့ကို ညီမ မသိခဲ့ဘူး။ အဲဒီမှာ တက်ခွင့်ရဖို့ စာရင်းပေးတော့ ညီမနာမည်က ဆာလံဆိုရမယ့် စာရင်းမှာပါတယ်ဆိုမှ သိခဲ့တာ။ Pope Francis တွေ့ပြီး Mass (မစ္ဆားတရားပွဲ) တက်ခွင့်ရဖို့ဆို တာ လုံးဝမှန်းမထားတဲ့ ကိစ္စတစ် ခုပါ။ အခုက ကိုယ့်ရဲ့အသံနဲ့ပါ ပါဝင်ခွင့်ရခဲ့တာဆိုတော့ အရမ်း ပျော်ရွှင်ရပါတယ်’’ဆိုပြီး 7day Daily ကို ဖြေဆိုပေးထားပါတယ်။

play

နိုဝင်ဘာ(၂၉)ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ လူထုမစ္ဆားတရားပွဲ စီစဉ်တဲ့ ဖာသာများက သူမရဲ့ ဖခင်နဲ့အတူ gospel songs (ဓမ္မတေး များ) သီဆိုဖို့ ကမ်းလှမ်းတာကြောင့် ပါဝင်ခြင်း ဖြစ်ပြီးတော့ Be Born In Meနဲ့ Hallelujah သီချင်းနှစ်ပုဒ် သီဆိုခဲ့တယ်လို့ သူမက ဆိုပါတယ်။

လက်ရှိမှာ ပန်းရောင်ခြယ်က သူမရဲ့ ပထမဆုံး တစ်ကိုယ်တော်စီးရီးခွေအတွက် ပြင်ဆင်နေပြီးတော့ လာမယ့် နှစ်နှစ်ဆန်းပိုင်းလောက်မှာ ထွက်ရှိနိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

play

 

ပန်းရောင်ခြယ်ဟာ ဖခင်ဂရေဟမ်နဲ့ Wake Up Daddy စီးရီးခွေ ထွက်ရှိထားပြီး အတွဲခွေများစွာလည်း ပါဝင်သီဆိုထားပါတယ်။

Photo : ပန်းရောင်ခြယ် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video