အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က သုံးနှစ်သားအထိ နေခဲ့ဖူးတဲ့ အောင်ပန်းမှာ ပထမဆုံးအကြိမ် ဖျော်ဖြေပွဲနဲ့အတူ ပြန်သွားရတော့မှာ ဖြစ်ပါတယ်။ အောင်ပန်းက ပရိသတ်တွေနဲ့ပထမဆုံး အကြိမ် တွေ့ဆုံမယ်ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

play

 

"ဂီတချစ်သူများ ကျွန်တော် ဒီည အောင်ပန်းမှာ ဖျော်ဖြေပါမယ် ။

အောင်ပန်းမှာ ကျွန်တော်မွေးကင်းစကနေ ၂နှစ် ၃နှစ်သားအထိ နေခဲ့ဖူးတယ်

အောင်ပန်းမှာ ကျွန်တော်ဖေဖေရဲ့ Freedom ဆိုတဲ့ တေးသံသွင်းဆိုင်လေးရှိခဲ့ဖူးတယ်

ဒီညတော့ ပထမဆုံးအကြိမ်အဖြစ် အောင်ပန်းမှာ ကျွန်တော်ဆိုပါမယ်" ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

play

 

အောင်ပန်းမှာ ဖျော်ဖြေမယ့် အစီအစဉ်ကို ပြောပြလိုက်ရုံသာမက နောက်ထပ် သူပါဝင်ဖျော်ဖြေမယ့် ပွဲစဉ်တွေကိုလည်း ပြောပြထားပါတယ်။

ဒီဇင်ဘာ (၁)ရက်နေ့မှာ အောင်ပန်းမှာ ဖျော်ဖြေမှာ ဖြစ်ပြီး ဒီဇင်ဘာ(၁၈)ရက်နေ့မှာ ဖျာပုံ၊ ဒီဇင်ဘာ(၂၁)ရက်နေ့မှာ မကွေး၊ ဒီဇင်ဘာ(၂၂)ရက်နေ့မှာ တောင်ငူ၊ ဒီဇင်ဘာ(၂၃)မှာ ပခုက္ကူနဲ့ (၂၄၊၂၅)မှာ ဘားအံ၊(၂၉)မှာ သရက်နဲ့ ဒီဇင်ဘာ(၃၁)ရက်နေ့မှာတော့ ရန်ကုန်မှာ ဖျော်ဖြေမှာ ဖြစ်တယ်လို့ ပြောပြထားပါတယ်။

ဇန်နဝါရီလ (၃)ရက်မှာတော့ ပဲခူး၊ (၅)ရက်မှာ မုံရွာ၊ (၇)ရက်နေ့မှာ ရွှေဘို၊ (၁၃)ရက်နေ့မှာ ထားဝယ်နဲ့ ၁၆ရက်နေ့မှာ မြိတ်မြို့တို့မှာ ဖြစ်ပါတယ်။

play

 

သူပါဝင်ဖျော်ဖြေမယ့် ဖျော်ဖြေပွဲတချို့ကတော့ SAMSUNG ရဲ့ Galaxy Music Tour အစီအစဉ်နဲ့ ဖြစ်တယ်လို့ သူက ပြောပြထားပါတယ်။

စိုင်းစိုင်းခမ်းလှိုင်(Sai Sai Kham Leng) ဟာ ၁၉၇၉ခုနှစ် ဧပရယ်မှာ မွေးဖွားခဲ့သူတစ်ဦး ဖြစ်ပြီး ယခုအချိန်မှာတော့ ပရိသတ်အခိုင်အမာ ရရှိထားတဲ့ အဆိုတော်နဲ့ သရုပ်ဆောင်တစ်ဦးဖြစ်လို့ နေပါပြီ ။

play

 

စိုင်းစိုင်းခမ်းလှိုင်ဟာ ၂၀၀၀ခုနှစ်မှာ ချောကလက်ရောင်ရေခဲအိမ်မက် တေးစီးရီးကို ထွက်ရှိခဲ့ကာ ၂၀၀၁ ခုနှစ်မှာ သူငယ်ချင်း များစွာအခွေ၊ ၂၀၀၃ ခုနှစ်မှာ ဖေဖော်ဝါရီ မှတ်တမ်း၊ ၂၀၀၄ ခုနှစ်မှာ Sai Sai Live Show နဲ့ ၂၀၀၅ခုနှစ်မှာ စိုင်းစိုင်းဟုခေါ်သည်၊ ၂၀၀၇ခုနှစ်မှာ Sai Sai Birthday ၊ 2009ခုနှစ်မှာ Ever ဂေါ်လီ၊ ၂၀၁၂ခုနှစ်မှာ ဒိတ်ဒိတ်ကျဲ စတဲ့ တေးစီးရီးများနဲ့ အတွဲခွေများစွာမှာလည်း ပါဝင်သီဆိုထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။

Photo : စိုင်းစိုင်းခမ်းလှိုင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video