AD
AD
AD

ဒီနေ့ (ဒီဇင်ဘာလ ၂) ရက်နေ့က သရုပ်ဆောင် နိုင်းနိုင်းရဲ့ မွေးနေ့ဖြစ်ပါတယ်။

play

 

အခု နိုင်းနိုင်းက ကလောမှာ ဇာတ်ကားရိုက်ဖို့ ရောက်ရှိနေတာဖြစ်ပြီး  ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ အလှူပြုလုပ်နေပုံကို နိုင်းနိုင်းရဲ့ချစ်ဇနီး စန္ဒီချိုက ဓာတ်ပုံလေးတွေ တင်ပေးထားတာပါ။

စန္ဒီချိုက ဒီနေ့မနက် ၇ နာရီကျော်မှာ ခင်ပွန်းဖြစ်သူကို မွေးနေ့ဆုတောင်းစကား ဆိုထားပြီး ကလောမှာ အလုပ်လုပ်နေကြောင်းပြောထားကာ

နိုင်းနိုင်းအလှူလုပ်နေတဲ့ပုံလေးတွေကိုပါ တင်ပေးထားတာ ဖြစ်ပါတယ်။

play

 

နိုင်းနိုင်းရဲ့ဇနီးဖြစ်သူ စန္ဒီချိုနဲ့ သူတို့ရဲ့သားသမီး ၄ ဦးဟာ အမေရိကမှာရှိနေပြီး နိုင်းနိုင်းကတော့ ဇာတ်ကားတွေ ရိုက်စရာရှိတဲ့အတွက် မြန်မာနိုင်ငံမှာ ရှိနေရတာပါ။ ဒီလထဲတော့ သူက မိသားစုရှိရာကို သွားမယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။ နိုင်းနိုင်းဟာ အနုပညာအလုပ်တစ်ဖက်နဲ့ ဖြစ်တဲ့အတွက် မိသားစုဆီကို တစ်နှစ်ကို နှစ်ခေါက်သာ ပြန်ဖြစ်တယ်လို့ ဆိုပါတယ်။

play

 

ဒါပေမဲ့ နိုင်းနိုင်းက ရောက်တဲ့နေရာကနေ မိသားစုကို အမြဲမပြတ်  ဆက်သွယ်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

၂၀၀၈ခုနှစ်ကတည်းက လက်တွဲခဲ့တဲ့ နိုင်းနိုင်းနဲ့ စန္ဒီချိုတို့ဟာ ယခုဆိုရင် သားသမီးလေးဦး ထွန်းကားလို့ နေပြီ ဖြစ်ပါတယ်။နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ နိုင်းနိုင်းတို့ရဲ့ အိမ်ထောင်သက်တမ်းကတော့ (၁၀)နှစ်ရှိပြီဖြစ်ပြီး မြင်ရသူ ပရိသတ်တွေအတွက် ကြည်နူးဖို့ ကောင်းတဲ့ စုံတွဲလေးလည်း ဖြစ်ပါတယ်။

Photos : စန္ဒီချိုဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD