မိခင် ဒေါ်ခင်မြမြဖြစ်ချင်တဲ့ ပညာရေးဖောင်ဒေးရှင်းအတွက် သားသမီးတွေက တက်တက်ကြွကြွ ဝိုင်းဝန်းကူညီပေးနေကြကြောင်း ထွန်းအိန္ဒြာဗိုက ပြောထားပါတယ်။

play

 

"​မေ​မေ ဖြစ်​ချင်​တဲ့ ပညာ​ရေး​ဖောင်​​ဒေးရှင်းအတွက်​ ... သားသမီး​တွေvnf; ဝိုင်းဝန်းလှူဒါန်း ကူ​ပေးကြတာပါ ... ​​​ဆေး​ကျောင်းသား ၂၃ ​ယောက်​ကို ပညာသင်​စားရိတ်​ ​ထောက်​ပံ့တဲ့ အစီအစဉ်​ပါ ...​မေ​မေ နဲ့ ကျမတို့​မောင်​နှမ​တွေ က ၁၀ ​ယောက်​ ကို တာဝန်​ယူ​ပေးပြီး ပြည်​တွင်းပြည်​ပ အလှူရှင်​များက ဝိုင်းဝန်းလှူဒါန်းကြတာပါ" လို့ ထွန်းအိန္ဒြာဗိုက ရေးသားထားပါတယ်။

ယင်းစာသားနဲ့အတူ ဒေါ်ခင်မြမြ (ပညာရေးဖောင်ဒေးရှင်း) နှင့် အလှူရှင်မွေးစားမိဘများမှ ပညာသင်စရိတ် ထောက်ပံ့ခြင်း အခမ်းအနားကျင်းပနေပုံကို ဒီဇင်ဘာလ ၃ ရက်နေ့က ထွန်းအိန္ဒြာဗိုရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားတာဖြစ်ပါတယ်။

play

 

ထွန်းအိန္ဒြာဗိုဟာ သရုပ်ဆောင်လောကမှာ အောင်မြင်ရုံသာမက အဆိုတော်အဖြစ်လည်း အောင်မြင်သူတစ်ယောက်လည်းဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ်မှာ ကြေစားနှလုံးသားဆိုတဲ့ ဗီဒီယိုကားနဲ့ အနုပညာလောကထဲကို ဝင်ရောက်ခဲ့တာဖြစ်ပြီး ၁၉၉၃ ခုနှစ်မှာ မင်းအတွက်ပဲဆိုတဲ့ တစ်ကိုယ်တော် တေးစီးရီးကို ထုတ်ခဲ့ပါတယ်။

play

 

သူမဟာ နှောင်းတမြေ့မြေ့၊ အမေ့နို့ဘိုး၊ မိုးကုတ်စက်ဝိုင်းကိုကျော်လွန်၍ စတဲ့ ရုပ်ရှင်ကားတွေနဲ့ အကယ်ဒမီဆုကိုလည်း ရရှိခဲ့သူ ဖြစ်ပါတယ်။

အကယ်ဒမီ ၃ ဆုရှင် ထွန်းအိန္ဒြာဗိုဟာ ခင်ပွန်းဖြစ်သူ ဦးအောင်မင်းထွန်း၊ သား အောင်ဗိုလ်ကောင်းသန့်တို့နဲ့အတူ ပျော်ရွှင်စရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

Photos : ထွန်းအိန္ဒြာဗို FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video