ဒါရိုက်တာ စင်ရော်မောင်မောင်က မေသန်းနုအတွက် သူ့ရဲ့ ဖေ့စ်ဘွတ်ကနေ အားပေးစကားဆိုလိုက်ပါတယ်။ အဲ့ဒီ အားပေးစကားကိုလည်း လွန်ခဲ့တဲ့ နာရီပိုင်းလောက်က ရေးပြီး တင်ခဲ့တာပါ။

မေသန်းနုအတွက်အားပေးစကားကို စင်ရော်မောင်မောင်က ယခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

play

 

"မဆင့်

ထာဝရအ​မေ ဇာတ်​ကားကြီးရယ်​ သား​လေး မင်းသန့်​​မောင်​​မောင်​ အတွက်​ ရယ်​ပြောပါရ​စေ။

ဘဝကို ရဲရဲတင်းတင်း ဖြတ်​သန်းပြီး ကြံ့ကြံ့ခံပြီး ဖြတ်​သန်းပါ။ပရိသတ်​၏ ချစ်​ခြင်း​မေတ္တာကို ရယူပြီး အနုပညာကို ဒီထက်​ပိုပြီး ​အောင်​မြင်​​အောင်​ ကြိုးစားပါ။ အချိန်​က စကား​ပြောသွားပါလိမ့်​မယ်​။ မဆင့်​ ဒီထက်​ပိုမိုပြီး ​အောင်​မြင်​​ကျော်ကြား ထူးချွန်​နိုင်​​ ပါ​စေလို့ ဆန္ဒပြု ပါတယ်​။

စင်​​ရော်​​မောင်​​မောင်" ဆိုပြီး ပြောထားတာ ဖြစ်ပါတယ်။

play

 

အဲ့ဒီ အားပေးတဲ့ စာသားလေးနဲ့အတူ စင်ရော်မောင်မောင်က မိသားစုပုံလေးကိုပါ တင်ထားတာ ဖြစ်ပါတယ်။

စင်ရော်မောင်မောင်နဲ့ မေသန်းနုတို့ရဲ့ (၁၂)နှစ်ကြာမှ ပြန်လည်တွေ့ဆုံပြီး ရိုက်ကူးထားတဲ့ " ထာဝရအမေ"  ရုပ်ရှင်ဇာတ်ကားဟာလည်း မကြာခင် ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။  အဲ့ဒီဇာတ်ကားကို စင်ရော်မောင်မောင်၊ မင်းသန့်မောင်မောင်နဲ့ မေသန်းနုတို့ ပူးပေါင်းရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ ထာဝရအမေ ရုပ်ရှင်ဇာတ်ကားကို ဒီဇင်ဘာ(၈)ရက်နေ့မှာ ရုံတင်ပြသတော့မယ်လို့ သိရပါတယ်။

play

 

ဒီဇင်ဘာ(၆)ရက်နေ့မှာလည်း သမ္မတရုပ်ရှင်ရုံမှာ ယင်းဇာတ်ကားကို အထူးပွဲအနေနဲ့ ပြသသွားမှာ ဖြစ်ပါတယ။် ယင်းရုပ်ရှင်ဇာတ်ကားမှာ နေတိုး၊ ဝတ်မှုံရွှေရည်၊ ရဲအောင်၊ မေသန်းနုတို့အပြင် အခြားသောအနုပညာရှင်တွေလည်း ပါဝင်အားဖြည့်ထားတယ်လို့ သိရပါတယ်။

Photo : စင်ရော်မောင်မောင် FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video