သရုပ်ဆောင် ခင်ဇာခြည်ဇော်က သားဖြစ်သူရဲ့ (၁၆)နှစ်ပြည့် မွေးနေ့အတွက် မွေးနေ့ဆုတောင်းစကားလေး ပြောပေးထားပါသေးတယ်။

play

 

သားဖြစ်သူ ဘုန်းမင်းနေလအတွက် မေမေခင်ဇာခြည်ဇော်ရဲ့မွေးနေ့ ဆုတောင်းစကားလေးကတော့

"သား ကြီး ရေ ....

အော် ..ဘာ လို လို နဲ့  ငါ့ သား တောင် အသက် ၁၆ နှစ် ပြည့် သွားပြီ ...မေ မေ့ ရဲ့  တိုင်ပင် ဖော် , မေ မေ ရဲ့ အား အထား ရဆုံး အချစ် ဆုံး သား ကြီး ဒီ နေ့  ၁၆နှစ် ပြည့် မွေး နေ့  မှ စ၍ စိတ် ၏ ချမ်းသာ ခြင်း ကိုယ် ၏ကျမ်း မာ ခြင်း နှင့် ပြည့် စုံ ပြီး အသက် ရာ ကျော် ရှည် ပါ စေ..! ပညာ တတ် ကြီး ဖြစ် ပါ စေ..!!

Happy Birthday My Lovely Son" ဆိုပြီး ပြောထားတာ ဖြစ်ပါတယ်။

play

 

ခင်ဇာခြည်ကျော်ရဲ့ သားကတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားလည်း ဖြစ်ပါတယ်။ ခင်ဇာခြည်ကျော်မှာ သားတစ်ယောက် သမီးတစ်ယောက်ကို ပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။

သားဖြစ်သူဟာ သရုပ်ဆောင်ကို ဝါသနာပါပြီး သမီးဖြစ်သူကတော့ သီချင်းဆိုတာ ဝါသနာပါတယ်လို့ ခင်ဇာခြည်ဇော်က Duwun Media ကို ဖြေဆိုဖူးပါတယ်။

play

 

"သားသားကတော့ အခု လူပျိုပေါက်ဆိုတော့ သူ့ဟာနဲ့သူကလည်း  စန်းလေးတွေရှိတဲ့အတွက် လာကမ်းလှမ်းကြတာတွေရှိတယ်။ ရုပ်ရှင်ဇာတ်ကားကြီးဆိုရင်လည်း ခေါင်းဆောင်တောင် လာငှားကြတာများတယ်။ အစ်မအနေနဲ့ကတော့ ကလေးကလည်း ၁၀ တန်းရောက်နေပြီ စပ်ကူးမက်ကူးကာလမှာ မရိုက်စေချင်ဘူး ပညာရေးမှာလည်း တစ်ဖက်၊ ရုပ်ရှင်ဘက်ကလည်း တစ်ဖက်ဆိုတော့ လေ၊ ရုပ်ရှင်ထဲကို ဝင်လိုက်ရင် ပညာရေးကိုစိတ်ဝင်စားဖို့ဆိုတာ တော်တော်ကြီးကို ပညာတော်တဲ့လူမျိုးမှလည်း ဖြစ်မယ်ထင်တယ်။ အဲ့ဒီအတွက် သားကို အခုချိန်မှာမလုပ်ပါနဲ့ဦး၊ ပညာရေးကိုပြီးအောင်လုပ်လိုက်ပါဦး။ ဘာကြောင့်လဲဆိုတော့ အခုက ၁၆နှစ်ဆိုတော့ ငယ်သေးတယ်လို့ ပြောထားတယ်။ ကလေး ကလည်း နားလည်ပါတယ်။ သူတို့ကတော့ အမေ့ရဲ့သွေးပါတော့ ဝါသနာပါတာပေါ့နော်" ဆိုပြီး သူမက ပြောပြထားပါတယ်။

ခင်ဇာခြည်ကျော်ကတော့ ဇာတ်ကားရိုက်ကူးမှုတွေ ဆက်တိုက်လုပ်ဖြစ်နေတယ်လို့ သိရပါတယ်။

Photo : ခင်ဇာခြည်ကျော် FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video