ဝေလျှံတို့ ဇနီးမောင်နှံရဲ့ အမြွှာသားလေး နှစ်ယောက်ကတော့ (၄၅) ပြည့်သွားပါပြီတဲ့။ သားလေးတွေ (၄၅)ရက်ပြည့်တဲ့ နေ့မှာ ဝေလျှံတို့ ဇနီးမောင်နှံဟာ သားလေး တွေနဲ့ အတူ ရွှေတိဂုံဘုရားတက်ကာ ဒါနပြု ကုသိုလ်လုပ်ခဲ့တယ်ဆိုပြီး ဝေလျှံရဲ့ ဖေ့စ်ဘွတ်မှာ ပြောထားပါတယ်။

play

 

"သားလေး၂ယောက် ၄၅ရက်ပြည့် ပထမဦးဆုံး

အပြင်ထွက်ထွက် ချင်း ရတနာသုံးပါးဦးထိပ်ထားလို့ ရွှေတိဂုံဘုရားတတ် ဒါနပြု

သားလေး၂ယောက်ကုသိုလ်အစု

သာဓုခေါ်ပါဟု" ရေးသားထားပါတယ်။

သရုပ်ဆောင် အဆိုတော် ဝေလျှံရဲ့ အမြွှာသားလေးနှစ်ယောက်ကို အောက်တိုဘာ (၂၁)ရက်နေ့က မွေးဖွားခဲ့တာ ဖြစ်ပါတယ်။အမြွှာလေး နှစ်ယောက်ကို နံနက်(၆) နာရီလောက်က ပင်လုံဆေးရုံမှာ မွေးခဲ့တာဖြစ်ပါတယ်။

play

Wai လျှံနဲ့ သန့်စင်မွန်တို့ဟာ ဇူလိုင်(၉)ရက်နေ့ ၂၀၁၆ ခုနှစ်က နှစ်ဖက်မိဘစုံညီစွာနဲ့ စေ့စပ်ထားကြတာ ဖြစ်ပြီး မင်္ဂလာဦး ဆွမ်းကျွေး အခမ်းအနားကိုတော့ အောက်တိုဘာ(၂၀)ရက်နေ့က ရန်ကုန်မြို့မှာရှိတဲ့ ရန်ကင်းမြို့နယ် မိုးကောင်းလမ်း(၁၄)ရပ်ကွက်မှာရှိတဲ့ မဟာဗောဓိပရိယတ္တိစာသင်တိုက်မှာ ပြုလုပ်ခဲ့ပါတယ်။

အဆိုတော် Wai လျှံ နဲ့ မသန့်စင်မွန်တို့ရဲ့ မင်္ဂလာဧည့်ခံပွဲကို နိုဝင်ဘာ (၂၀)ရက်နေ့က ဆီဒိုးနားဟိုတယ်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

play

 

မင်္ဂလာဧည့်ခံပွဲကို ညနေ(၄)နာရီကနေ (၆)နာရီအထိ စည်ကားစွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ချစ်သူသက်တမ်း (၆)နှစ်ကျော်မှ အိမ်ထောင်ပြုခဲ့ တာ ဖြစ်ပြီး နားလည်မှုတွေနဲ့ ဘဝကို တည်ဆောက်ထားတဲ့ ဇနီးမောင်နှံတွေ ဖြစ်ပါတယ်။

Photo : ဝေလျှံ FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video