လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက်က ဘီလီလမင်းအေးဟာ သူမရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျကနေ အစီအစဉ်လေး တစ်ခုကို ပြောပြလိုက်ပါတယ်။ သူမရဲ့ ပရိသတ်တွေနဲ့ မဆုံတာ ကြာနေပြီဖြစ်တဲ့ ဘီလီဟာ ပရိသတ်တွေနဲ့အတူတွဲကာ အလှူလေး လုပ်ဖို့ စဉ်းစားထားတယ်တဲ့။

play

 

ဒီဇင်ဘာလထဲမှာ ကျရောက်မယ့် ခရစ်စမတ်ပိတ်ရက်မှာ ညီအကို မောင်နှမတွေနဲ့အတူတူ မြို့လေး တစ်မြို့မှာ နွမ်းပါးတဲ့ ကလေးငယ်တွေ အတွက် အလှူလေး တစ်ခုအတူတူသွားလုပ် မလို့ပါတဲ့။

သူမအလှူသွားလုပ်မယ့် မြို့လေးဟာ ဘယ်မြို့ဖြစ်မလဲဆိုပြီးတော့ ပရိသတ်တွေကို မေးထားပါသေးတယ်။ အလှူကိုလည်း အားလုံး အတူတူလိုက်ခဲ့ဖို့ သူမရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျလေးကနေ ခေါ်ထားပါသေးတယ်။

play

 

"ညီအကိုမောင်နှမ များအားလုံး မင်္ဂလာပါ။ ဖူး page ကနေ ပိုစ့်မတင်ဖြစ်တာ နဲနဲ ကြာပြီနော် သတိရ နေကြသေးလား ဟင်

ညီ အစ်ကို မောင်နှမတွေ နဲ့ စုစုစည်းစည်း မ ဆုံဖြစ်တာ ကြာလို့ အားလုံး နဲ့ အတူတူ ခရီးသွားဖို့ ဆုံ ဖို့ စီစဉ်နေတာ တစ်ခု ရှိပါတယ်

ဖူးက အခု လာမဲ့ ၂၅ ရက်နေ့ ခရစ်စမတ် ပိတ်ရက် မှာ ညီအကို မောင် နှမ တွေ နဲ့ အတူတူ မြို့လေး တစ်မြို့မှာ နွမ်းပါးကလေး ငယ် တွေ အတွက် အလှုလေး တစ်ခု အတူတူ သွားလုပ် မလို့ပါ။

အဲ့ဒါ ဘယ် မြို့ ဖြစ်မလဲ ဆိုတာ လေး ကို ဖြေကြည့်ကြမလား ဟင်?

ညီအစ်ကိုမောင်နှမများ အားလုံးကို လဲ အတူတူလိုက်ဖို့ ဆုံကြဖို့ ဖိတ်ချင်ပါတယ်

အဲ့ဒါ ဘယ်သူတွေက ဖူးနဲ့ ရန်ကုန် ကနေ အဲ့မြို့လေးကို အတူတူ ခရီးသွားချင် ကြလဲ ဆိုတာရယ်

ဘယ်သူတွေက အဲ့ပွဲကို လာချင်တယ် ဆိုတာကို ပြောသွား ပေးကြမလား?

ညီအကိုမောင်နှမ များ အားလုံး ..ကို

Merry Christmas လို့ အကြို ပြောထားမယ် နော်

အားလုံးနဲ့ အရင်က အတူတူ အလှူလုပ်ခဲ့ကြဖူး တဲ့ အချိန်လေးတွေကို သတိ ရနေမိတယ်" ဆိုပြီးတော့ ရေးသားထားတာ ဖြစ်ပါတယ်။

play

 

ဘီလီကတော့ လက်ရှိမှာ ခရီးတွေ သွားဖြစ်နေသလို သူမရဲ့ ပထမဆုံး တစ်ကိုယ်တော်အခွေအတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဘီလီလမင်းအေးဟာ Myanmar Idol အစီအစဉ်ကတည်းက ပရိသတ်အားပေးမှု အခိုင်အမာရရှိခဲ့တဲ့ သူလည်း ဖြစ်ပါတယ်။

Photo : ဘီလီလမင်းအေး FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video