အလှမယ် သရုပ်ဆောင် နန်းခင်ဇေယျာက လက်ရှိမှာ ခရီးသွားအစီအစဉ်တစ်ခုနဲ့ ကယားပြည်နယ်ကို ရောက်နေတယ်လို့ သိရပါတယ်။ ကယားပြည်နယ်ရဲ့ ကယောဒေသသို့ခရီးဆက်နေတဲ့ နန်းခင်ဇေယျာဟာ

သူမရဲ့ ခရီးသွားအစီအစဉ်တွေကို သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ပြောပြထားပါသေးတယ်။

play

 

"နန်းခင်တို့ မနက်ကို (၇) နာရီထကြတယ်။ မနက်စာ စားကြတယ်။ခရီးစထွက်ဖို့ ထေခိုရွာကို စတင်လျှောက်လမ်းကြပါတယ်။ ထေခိုရွာက ကယောဒေသရဲ့ရိုးရာအဝတ်အစားတိုင်းဝတ်ဆက်ကြတဲ့ တစ်ရွာတည်းသောရွာဖြစ်တယ်။ပြီးတော့ အ.မ.က ထေခိုကျောင်းကို ဝင်ပြီး ကလေးတွေကို မုန့်တွေ၊ အချိုရည် တွေဝင်ခဲ့တယ်။    

play

 

နေ့လည်စာကတော့ ရိုးရာ ထမင်း၊ဟင်းတွေကို ဖက်ရွက်တွေ၊ ဝါးခွက်တွေ နဲ့စားကြတယ်။ ရာသီဥတု ကောင်းပြီးတော့ ထေခိုရွာကနေတစ်နာရီ လောက် ကားမောင်းပြီးသွားရတဲ့ ဟိုရာ ဒေသက ကျောက်စက်ပန်းဆွဲဂူ ကို ဝင်ခဲ့ကြတယ်။     

ဂူထဲမှာ အရမ်းမှောင်တဲ့အတွက် လက်နှိပ်ဓာတ်မီးတွေ ယူဆောင်သွားကြရတယ်။ဂူထဲမှာလည်း အေးစိမ့်နေတဲ့ မြေအောက်စမ်းချောင်းကို ဖြတ်သွားရတယ်။

ကျောက်စက်ပန်းဆွဲတို့ ကျောက်စက်မိုးမျှော် တွေက များပြားပြီး ရှည်တဲ့အတွက် နေရာအချို့တွေမှာ ခေါင်းတွေအရမ်းငုံ့ပြီး သွားရတယ်။ ဂူထဲအသွားအပြန်က (၄၅) မိနစ်လောက်ကြာပါတယ်။      

ညနေ sunset အမီ ဆင်ဖြူတောင်ကို အားလုံးပြန်ကြပြီး နေဝင်ဆည်းဆာအလှကို ငေးကြည့်ပြီး တစ်နေ့တာကို ကုန်ဆုံးခဲ့ကြပါတယ်။" ဆိုပြီး ရေးသားထားတာပါ။

play

 

ကယားပြည်နယ်ရဲ့ ခရီးသွားအစီအစဉ်ကို ဒါရိုက်တာ ကိုပေါက်က ရိုက်ကူးတာ ဖြစ်ပါတယ်။ ဒါရိုက်တာ ကိုပေါက်နဲ့အတူ ပါဝင်သွားတဲ့ အနုပညာရှင်တွေကတော့ သရုပ်ဆောင် မင်းသွေး၊ သားငယ်၊ နန်းခင်ဇေယျာ၊ နွယ်ဒါလီထွန်း တို့က ခရီးစဉ်တစ်လျှောက်လုံး ပါဝင်သွားမယ်လို့ သိရပါတယ်။

Photo : နန်းခင်ဇေယျာ FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video