AD
AD
AD

သရုပ်ဆောင် ကျော်ကျော်ဗိုကတော့ သူ့ရဲ့ အိမ်မက်တစ်ခုကို ထုတ်ပြောလိုက်တာပါ။ အဲ့ဒီ အိမ်မက်အကြောင်းကို လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့တာပါ။

သူရေးသားခဲ့တာကတော့ ဇာတ်ရုံကြီး အကြီးကြီး တစ်လုံးလောက်ဆောက်ချင်တယ်တဲ့ ဆိုပြီး ပြောထားတာပါ။

play

 

"ကျွန်တော့်အိပ်မက်  

ဒီလိုမျိုး ဇာတ်ရုံကြီး ( Concert Theatre ) တစ်လုံးလောက်ဆောက်မယ်။

ဇာတ်သဘင်အတွက် အော်ပရာကြီးတွေ၊နောက်ပိုင်းဇာတ်ထုပ်ကြီးတွေကလို့ရမယ်  

ရုပ်ရှင်အတွက် အကယ်ဒမီချီးမြှင့်ပွဲတွေ၊Red Carpet Show တွေ လုပ်လို့ရမယ်  

ဂီတအတွက် Music Concert ပွဲတွေလုပ်လို့ရမယ်   သိပ်ကောင်းမှာပဲနော်  

သည်ဘဝ ... သည်ခန္ဓာ အနုပညာသမားပေမို့ " ဆိုပြီး ပြောထားပါတယ။် အဲ့ဒီစာသားလေးနဲ့အတူ ဇာတ်ရုံအကြီးကြီး ပုံလေးကိုလည်း တင်ထားပါတယ်။

play

 

ပရိသတ်တွေကတော့ သူ့ရဲ့ အိမ်မက်တွေ အကောင်အထည်ဖော်နိုင်ပါစေဆိုပြီး ဆုတောင်းစကားတွေ ပြောပေးထားကြပါတယ်။

ကျော်ကျော်ဗိုကတော့ လက်ရှိမှာ ဇာတ်ကားတွေ ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။

Photo : ကျော်ကျော်ဗို FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD