ဝိုင်းစုခိုင်သိန်းရဲ့ Birthday Show ပွဲကြီးကတော့ ဒီဇင်ဘာလ(၂၄) ရက်နေ့ သူမရဲ့ မွေးနေ့တွင် ကျင်းပမှာ ဖြစ်ပါတယ်။

သူမရဲ့ Birthday Show ပွဲအတွက် လက်မှတ်ဈေးနှုန်းတွေလည်း ထွက်ရှိလာပြီဖြစ်သလို လက်မှတ်ဝယ်လို့ရနိုင်မယ့် နေရာတွေကိုလည်း ဒီဇင်ဘာ(၆)ရက်နေ့ညက သူမရဲ့ ပေ့ခ်ျမှာ ကြေညာပေးထားပါတယ်။

play

 

 Wyne Su Khine Thein Birthday Show ကို ရန်ကုန်မြို့ သုဝဏ္ဏဘူမိ Event Park မှာဖြစ်ပြီး ပွဲအတွက် လက်မှတ်ဈေးနှုန်းတွေကိုတော့ GA (Stand) ကို တစ်သောင်းကျပ်၊ Green VIP ကို သုံးသောင်းကျပ်၊ Blue VIP ကို ငါးသောင်းကျပ်၊ Pink VIP ကို ခုနှစ်သောင်းကျပ်နဲ့ VVIP ကိုတော့ တစ်သိန်း ကျပ်ဆိုပြီး သတ်မှတ်ထားတယ်လို့ သိရပါတယ်။

play

 

လက်မှတ်ကိုတော့ ဒီနေ့(ဒီဇင်ဘာ၇)ရက်နေ့မှာ စတင်ရောင်းချမှာဖြစ်ပြီး City Mart (Thamine,Myaynigone,Hledan,Junction Square,(47) Street,Yankin Center,Mawtin)၊ Ocean (Shwegondine,City Mall (St.John) )၊ Marketplace (Junction City,Myanmar Plaza)၊ Frolick (Junction square,Taw Win Center, Myanmar culture Valley)၊ Billionaire Two၊  M2M၊  MMTIX၊ Shop.com.mm တို့မှာ ဝယ်ယူရရှိနိုင်ပြီလို့ သိရပါတယ်။

play

 

ပြီးခဲ့တဲ့ နှစ်ကုန်းပိုင်းလောက်က ထွက်ရှိထားတဲ့ သူမရဲ့ "ဂါ" တေးစီးရီးရဲ့ DVD ကိုလည်း တစ်ကိုယ်တော်ဖျော်ဖြေပွဲ မတိုင်ခင်မှာဖြန့်ချိမှာ ဖြစ်ပါတယ်။

သူမရဲ့ အခွေကို ဒီဇင်ဘာ(၁၆)ရက်နေ့ ထွက်ရှိမှာ ဖြစ်ပြီးတော့ ပရိုမိုးရှင်းပွဲကိုတော့ လှည်းတန်းစင်တာမှာ ညနေ(၃)နာရီကနေ (၆) အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

play

 

အခွေပရိုမိုးရှင်းပွဲကို ရန်ကုန်မြို့မှာသာမက မန္တလေးမှာလည်း ကျင်းပသွားမှာ ဖြစ်ပါတယ်။ မန္တလေးမှာတော့ ဒီဇင်ဘာ(၁၇)ရက်နေ့ မင်္ဂလာမန္တလေးမှာ ညနေ(၄)နာရီကနေ (၆)နာရီအထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Photo : ဝိုင်းစု FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video