Local Celebrity: နှင်းဆီပရိသတ်တွေအတွက် "တော်ဝင်နှစ်သစ်နှင်းဆီ" အငြိမ့်

ဒီဇင်ဘာ(၃၀)ရက်နေ့မှာ ပြုလုပ်မယ်လို့ သိရပါတယ်။

နှင်းဆီအငြိမ့်ကို မျှော်လင့်နေကြတဲ့ ပရိသတ်များအတွက် ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) စီစဉ်ထားတဲ့ "တော်ဝင်နှစ်သစ်နှင်းဆီ" အငြိမ့်ပွဲကြီးကိုတော့ မကြာခင် ကျင်းပပြုလုပ်တော့မှာ ဖြစ်ပါတယ်။

အဲ့ဒီဖျော်ဖြေပွဲကြီးကို ဒီဇင်ဘာ(၃၀)ရက်နေ့မှာ ရန်ကန်ုမြို့ တော်ဝင်ဂါးဒင်းဟိုတယ်မှာ ကျင်းပပြုလုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

အဲ့ဒီအတွက် နှင်းဆီအဖွဲ့သားတွေကလည်း ပြက်လုံးအသစ်တွေ စုနေတယ်လို့ သိရပါတယ်။ နှင်းဆီအငြိမ့်နဲ့ ပတ်သက်ပြီးတော့ အဖွဲ့ဝင် မင်းမော်ကွန်းက Duwun Media ကို ယခုလို ပြောပြထားပါသေးတယ်။

"ပျက်လုံးတွေကတော့ အခုကတည်းက ကျွန်တော်တို့ ကြိုတိုက်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်နှစ်မှ တစ်ပွဲပဲ ကတာဖြစ်တဲ့အတွက် ပျက်လုံးအသစ်လေးတွေကို စုထားတာလေးတွေရှိပါတယ်။ အဲ့ဒီပွဲမှာတော့ ဖုန်းနဲ့ရိုက်ကူးခြင်းတို့ Live လွှင့်ခြင်းတို့ ပြုလုပ်မှာမဟုတ်ပါဘူး။ အဓိက ကတော့ ပွဲကြီးကဖို့အတွက် ဦးတည်ပြီးတော့ လုပ်နေကြတာပါ။

အဲ့ဒီလို လုပ်နေရင်းမှ ကျွန်တော်တို့ လိုအပ်ချက်တွေ ပြန်ကြည့်ရင်း နဲ့လုပ်ရမှာပါ။ ဒီပွဲလေးကတော့ တော်ဝင်ဂါးဒင်းမိသားစုဆိုတာ ကျွန်တော်တို့အဖွဲ့ကို ပွဲတိုင်းအလိုလိုပံ့ပိုးပေးနေတဲ့ လက်တွဲဖော် ညီအစ်ကိုမောင်နှမတွေပေါ့ နော်။ အဲ့ဒီအတွက် မိသားစုပွဲလေးသဘောမျိုး ကဖို့ရှိတာပါ'' လို့ သူကဆိုပါတယ်။

play

 

တော်ဝင်နှစ်သစ်နှင်းဆီ ဖျော်ဖြေပွဲအတွက် လက်မှတ်တွေကိုတော့ ဒီဇင်ဘာ(၁)ရက်နေ့ကစလို့ Hot Line – 01 8600080, 09967658696 သို့ ဆက်သွယ်ပြီး ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။

လက်မှတ်တွေကိုတော့ VVIP,VIP သတ်မှတ်ထားသလို ဈေးနှုန်းတွေကတော့ တစ်သိန်း၊ငါးသောင်း၊ သုံးသောင်းဆိုပြီး သတ်မှတ်ထားပါတယ်။

play

 

မင်းသားတွေဖြစ်တဲ့ မင်းမော်ကွန်း၊ နေတိုး၊ ကျော်ကျော်ဗို၊ ထွန်းထွန်းနဲ့ ရဲလေးတို့က လူရွှင်တော်အဖြစ် ပါဝင်ထားတဲ့ နှင်းဆီအငြိမ့်များဟာ ပရိသတ်တွေကြားမှာ အရမ်းအောင်မြင်တဲ့ အငြိမ့်ပွဲတွေ ဖြစ်ပါတယ်။သူတို့အဖွဲ့ဟာ  နှင်းဆီရင်ခွင်လှုမှုကူညီရေးဖောင်ဒေးရှင်း ဖွဲ့စည်းပြီး ပရဟိတလုပ်ငန်းတွေကိုလည်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်အတွင်းကလည်း လပ္ပတ္တာမြို့ မီးဘေးသင့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး အလှူငွေအဖြစ် သိန်းတစ်ရာလှူဒါန်း ခဲ့တယ်လို့ သိရပါတယ်။

Photo : တော်ဝင်ဂါးဒင်းဟိုတယ် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ