Local Celebrity: ရင်ခွင်နန်းတော် ရိုက်ဖို့ အကောင်အထည်ပေါ်ပြီလို့ ဆိုလိုက်တဲ့ ရဲတိုက်

ဝတ္ထုလည်း ဝယ်ပြီးသွားပြီတဲ့။

ယခု လက်ရှိ ကော့သောင်းဘက်ကို ရောက်ရှိနေတဲ့ ရဲတိုက်ဟာ ရင်ခွင်နန်းတော် ဇာတ်ကားကို ပြန်ရိုက်ဖို့ ကောင်အထည်ဖော်နိုင်ခဲ့ပြီလို့ ဆိုပါတယ်။

ထောင်က ထွက်လာပြီးအချိန်ကတည်းက ယင်းဇာတ်ကားကို ပြန်ရိုက်ဖို့ စိတ်ကူးလေးကို မီဒီယာတွေကို ပြောပြခဲ့တာပါ။

play

 

အခုတော့ သူ့ရဲ့ စိတ်ကူးအတိုင်း ရင်ခွင်နန်းတော်ကို ရိုက်ဖို့ အကောင်အထည်ပေါ်နေပြီ ဖြစ်ကာ ဝတ္ထုကိုလည်း ဝယ်ပြီးသွားပြီလို့ သိရပါတယ်။

အဲ့ဒါကိုတော့ Myanmar Media 7 ကစီစဉ်တာကို သိရပါတယ်။ ခရီးအရမ်းသွားချင်နေတဲ့ ရဲတိုက်တစ်ယောက် သူသွားချင်တဲ့ နေရာတစ်ခုကို ရောက်နေတဲ့အတွက် ပျော်နေတဲ့ ပုံတွေကိုလည်း တွေ့ရပါတယ်။

play

 

Seaberg ခရီးသွားကုမ္ပဏီက စီစဉ်ပေးမှုနဲ့ ကော့သောင်းခရီးစဉ်ကို နေမင်း၊ ခင်ဝင့်ဝါတို့နဲ့အတူ ဒီဇင်ဘာ(၆)ရက်နေ့က သွားတာ ဖြစ်ပါတယ်။ ခရီးသွားရင်းနဲ့လည်း ကြော်ငြာရိုက်ကူးဖို့ ရှိတယ်လို့ သိရပါတယ်။

သရုပ်ဆောင်ရဲတိုက် လွတ်မြောက်လာပြီဖြစ်တာကြောင့် ဆာတိုရီရုပ်ရှင် ထုတ်လုပ်ရေးအနေနဲ့ အနုပညာအလုပ်တွေကို ပြန်လည်ဆောင် ရွက်နိုင်အောင်၊ ပရိသတ်တွေလည်း စောင့်မျှော်ရကျိုးနပ်အောင် ဇာတ်ကား ကောင်းတွေထုတ်ရိုက်ဖို့ ကြိုးစားနေတယ်လို့ ဆာတိုရီ ရုပ်ရှင်ထုတ်လုပ် ရေးက ကိုရီဇော်က  Duwun Media ကိုဖြေဆိုခဲ့ပါတယ်။

Photo : ရဲတိုက်  FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ