Local Celebrity: ပိုင်ဟွေ့ အင်္ကျီလေးနဲ့ လှနေတဲ့ ပိုပို

တရုတ်ပြည် အလည်သွားဦးမယ်တဲ့။

အဆိုတော် ပိုပိုတစ်ယောက် ခရီးတွေ ဆက်တိုက်သွားနေတာကို တွေ့ရပါတယ်။ အခုလည်း တရုတ်ပြည်ကို သွားဦးမယ်ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတာ တွေ့ရပါတယ်။

တရုတ်မလေးတွေ ဝတ်တဲ့ ပိုင်ဟွေ့အင်္ကျီလေးကို ဝတ်ပြီး တရုတ်ပြည်ကို သွားလိုက်ဦးမယ်ဆိုပြီး ပြောထားတာပါ။

play

 

ပိုင်ဟွေ့အင်္ကျီလေးနဲ့ လှနေတဲ့ ပိုပိုရဲ့ ပုံရိပ်များကိုလည်း ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

ပိုပိုကတော့ လက်ရှိမှာ ခရီးတွေသွားဖြစ်နေသလို အနုပညာအလုပ်တွေလည်း ဆက်တိုက်ဆိုသလို လုပ်ကိုင်လာတာတွေ့ရပါတယ်။ ဖျော်ဖြေပွဲတွေ နဲ့ အလုပ်ရှုပ်နေသလို ပွဲတွေ တော်တော်များများတက်ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။

play

 

အဆိုတော်ပိုပိုကတော့ ပထမဆုံးတစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ Master Piece  တစ်ကိုယ်တော် Audio CD ကိုလည်း အခုတစ်ခါ ထွက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။

ပိုပိုပါဝင်ထားတဲ့ "ကြောက်ကြောက်ကြောက်" ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ပရိသတ်အားပေးမှု ရရှိထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ အဲ့ဒီဇာတ်ကားကတော့ သူ့ရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်ပါတယ်။

Photo : ပိုပို FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ