Local Celebrity: ပရိသတ်တွေအတွက် သီချင်းသစ်တစ်ပုဒ် ဖန်တီးပေးထားတဲ့ ရွှေထူး

ဝေဖန်အကြံပေးဖို့ကိုလည်း ပြောထားပါသေးတယ်။

ရွှေထူးက ဒီဇင်ဘာ(၆)ရက်နေ့ မနေ့က ပရိသတ်တွေအတွက် သီချင်းသစ်တစ်ပုဒ်ကို သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ တင်ပေးခဲ့ပါတယ်။ အဲ့ဒီသီချင်းကိုလည်း ပရိသတ်တွေ နားထောင်ကြည့်ပြီး ဝေဖန်ပေးဖို့ကိုလည်း ပရိသတ်တွေနဲ့Live ပြောတဲ့အချိန်က ပြောခဲ့ပါသေးတယ်။

သီချင်းနာမည်ကတော့ Without You လို့ ပေးထားပါတယ်။ အဲ့ဒီသီချင်းလေးကို မြူးဇစ်ဗီဒီယိုလေးလုပ်ပြီး သူ့ရဲ့ ပေ့ခ်ျမှာ တင်ထားတာပါ။

play

 

သူကိုယ်တိုင် သရုပ်ဆောင်ထားပြီး သူကိုယ်တိုင် ဆိုထားတဲ့ အဲ့ဒီ သီချင်းလေးကတော့ ပရိသတ်တွေရဲ့ ဝေဖန်မှုထက် အားပေးတာကိုလည်း တွေ့ရပါတယ်။

ရွှေထူးကတော့ လူငယ်ပရိသတ်များစွာရဲ့ အားပေးမှုကို ရရှိထားတဲ့ အဆိုတော် တစ်ဦးလည်း ဖြစ်ပါတယ်။

Postby

 

ဂီတဘက်မှာလည်း အောင်မြင်သလို သရုပ်ဆောင်ဘက်မှာလည်း ကြိုးစားလျှက်ရှိတဲ့ ရွှေထူးကတော့ ပက်ပက်စက်စက်ညှို့ရုပ်ရှင် ဇာတ်ကားကြီး ထဲမှာ ဂျစ်ကန်ကန်နဲ့ လူငယ်တစ်ယောက် ပိုက်ဆံရှိပြီးထင်တိုင်းကျဲတတ်တဲ့ ကာရိုက်တာမျိုး သရုပ်ဆောင်ထားတာလည်း တွေ့ရပါတယ်။

အဲ့ဒီကားမှာလည်း ရွှေထူးရဲ့ သရုပ်ဆောင်မှုကို ပရိသတ်များ အကြိုက်တွေ့ခဲ့ပါတယ်။

play

 

ဒီဇာတ်ကားကို 7Even Sense Film Production က ထုတ်လုပ်တာဖြစ်ပြီး ရွှေထူးအနေနဲ့ 7Even Sense Film Production နဲ့အတူ ရုပ်ရှင်ဇာတ် ကားကြီး ၈ ကား ဆက်ရိုက်ဖို့လည်း စာချုပ်ချုပ်ဆို ထားတယ်လို့ သိရပါတယ်။

Photo: ရွှေထူးဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ