Local Celebrity: သုံးနာရီကြာ ခွဲစိတ်ကုသမှု ခံယူခဲ့ရတဲ့ ဇာဂနာ

သည်းခြေအိတ်မှာ ကျောက်ပိတ်တာကြောင့် ခွဲစိတ်ခဲ့ရတာပါ။

သရုပ်ဆောင် ဇာဂနာဟာ သည်းခြေအိတ်မှာ ကျောက်ပိတ်နေတာကြောင့် ခွဲစိတ်ကုသမှု ခံယူခဲ့ရပါတယ်။ ဒီနေ့ (ဒီဇင်ဘာ၇ရက်)မှာတော့ ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ပြီး သုံးနာရီကြာ ခက်ခက်ခဲခဲ အောင်မြင်စွာ ခွဲစိတ်ခဲ့ရတယ်လို့သိရပါတယ်။

ခွဲစိတ်ကုသမှုကိုတော့ သမားတော်ကြီး ဆရာကြီးဦးဥာဏ်သိန်း ကဆောင်ရွက်ပေးခဲ့တာလို့လည်း သိရပါတယ်။

play

 

ဆေးကုသမှု ခံယူနေရတဲ့ သရုပ်ဆောင် ဇာဂနာအားအနုပညာမောင်နှမတွေကလည်း သွားရောက်ကြည့်ရှု အားပေးခဲ့ကြတယ်လို့ သိရပါတယ်။

ဆေးကုသမှု ခံယူရမှာ ဖြစ်တဲ့အတွက်လည်း လက်ခံထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေကိုလည်း ငြင်းထားရတယ်လို့ ယခင်က အင်တာဗျူးမှာ ဖြေဆိုဖူးပါတယ်။

play

 

သရုပ်ဆောင် ဇာဂနာဟာ ၂၀၀၅ခုနှစ်မှာ ဇာတ်ကားရိုက်ကူးခွင့် ပိတ်ပင်ခံခဲ့ရပြီး ၂၀၁၄ ခုနှစ် မှာတော့ "အော်တိုဘုရင်" ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့ပါတယ်။

အဲ့ဒီဇာတ်ကားကို ၂၀၁၇ခုနှစ် အောက်တိုဘာ(၂၀)ရက်နေ့မှာ စတင်ပြသခဲ့ပြီး ရန်ကုန်နဲ့ မန္တလေးပရိသတ်များနဲ့အတူ တွေ့ဆုံပွဲတွေလည်း ပြုလုပ်ခဲ့ပြီး ပရိသတ်အားပေးမှု ရရှိတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ခဲ့ပါတယ်။

play

 

သရုပ်ဆောင် ဇာဂနာဟာ သရုပ်ဆောင် တစ်ယောက်အနေနဲ့သာမက ဒါရိုက်တာအနေနဲ့ "နော်ပဲလှော်" ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးဖို့ စီစဉ်ထားပြီး လာမယ့် နှစ်အတွင်းမှာ ရိုက်ကူးမယ်လို့ သိရပါတယ်။

Photo : ကျော်စွာမြင့် FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ