သရုပ်ဆောင် သူထူးစံက သူ့ရဲ့ ခံစားချက်တွေကို သူ့ရဲ့ ဖေ့စ်ဘွတ်ကနေ ဝန်ခံလိုက်ပါတယ်။ ခွန်းဆင့်နေခြည်နဲ့ ပတ်သက်ပြီး သူထူးစံ ဘက်ကနေ တစ်ဖက်သတ် ကြိတ်ကြိုက်ခဲ့ဖူးကြောင်း ပြောလိုက်တာပါ။

ဒါပေမယ့်လည်း အခုချိန်မှာ ကိုယ့်ဘဝနဲ့ ကိုယ်ရှိနေပြီ ဖြစ်တာကြောင့် ခွန်းဆင့်နေခြည်ကို မထိခိုက်အောင် ပုံလေးတွေ တင်ပြီး ပြောလိုက်တာ ဖြစ်ပါတယ်တဲ့။

play

 

သူတို့နှစ်ယောက် အတူတူ ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေ အများကြီး ရှိခဲ့ပါတယ်။ အဲ့ဒီပုံလေးတွေကို တင်ပြီး သူထူးစံ ဘက်က ယခုလို ပြောပြခဲ့တာ ဖြစ်ပါတယ်။

"ကဲ နေခြည်မရေ ငါ့ဆီမှာရှိတဲ့ရိုက်ကွင်းပုံတွေတင်ပေးလိုက်တယ်။ ငါတို့အတူရိုက်ခဲ့တဲ့ဇာတ်ကားတွေလည်းမနည်းပါဘူးဟယ် နင်နဲ့ငါနဲ့က သူငယ်ချင်းမောင်နှမတွေပါ ••• ငါ့ဘက်ကကြိတ်ကြိုက်ခဲ့ဖူးတာ လေးတော့ရှိတာပေါ့ ။

ခုတော့ငါလည်းငါ့ဘဝနဲ့ငါဆိုတော့ နင့်ကိုလည်းမထိခိုက်အောင်လို့ ငါတို့ရိုးသားကြောင်း ပုံလေးတွေတင်ပေးလိုက်တယ်ဟာ။ နောက်ဇာတ်ကားတွေရဲ့ ရိုက်ကွင်းပုံတွေ ငါ့မှာအများကြီးရှိသေးတယ် ။ ပြန်ရှာတွေ့ရင်တော့ ထပ်တင်ပေးလိုက်မယ်ဟေ့ " ဆိုပြီး ဒီဇင်ဘာ (၈)ရက်နေ့ မနက်အစောက ရေးသားထားတာ တွေ့ရပါတယ်။

play

 

လွန်ခဲ့တဲ့ ရက်ပိုင်းလောကလည်း သရုပ်ဆောင် ခွန်းဆင့်နေခြည်နဲ့ သူထူးစံတို့ နှစ်ဦး ရိုက်ကူးထားတဲ့ မိုင်တိုင် (၂၆) ဇာတ်ကားထဲက ရိုက်ကူးရေး ပုံရိပ်တွေအပေါ် တချို့ ပရိသတ်များကလည်း အထင်လွဲမှုတွေ ဖြစ်ခဲ့တာ တွေ့ရပါတယ်။

သူထူးစံနဲ့ ခွန်းဆင့်နေခြည်တို့ဟာ နှစ်ယောက်အတူတူ ဇာတ်ကားတွေ များစွာ ရိုက်ကူးခဲ့ဖူးသလို မိုင်တိုင်(၂၆) ဇာတ်ကားဟာလည်း ပရိသတ်များအတွက် မမေ့နိုင်တဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ခဲ့ပါတယ်။

play

 

မကြာခင် ရုံတင်ပြသတော့မယ့် မှော်ဝင်သမန်းကျားဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း သူတို့နှစ်ယောက်အတူ သရုပ်ဆောင်ထား တယ်လို့လည်း သိရပါတယ်။

Photo : သူထူးစံ FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video