AD
AD
AD

ပြေတီဦး၊ အိန္ဒြာကျော်ဇင်နဲ့ လူမင်းတို့ ဇနီးမောင်နှံတို့ကတော့ ငွေဆောင်ကို ရောက်နေတယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက်က အိန္ဒြာကျော်ဇင်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ဓာတ်ပုံလေးတွေ တင်ထားတာ တွေ့ရပါတယ်။

သူမရဲ့ ဖေ့စ်ဘွတ်မှာ "ငွေဆောင်ထမင်းဝိုင်း စားကြပါဦး ရှယ်ဂဏန်းကြီးတွေ" ဆိုတဲ့ စာသားနဲ့အတူ ပုံလေးတွေကိုလည်း တင်ထားပါသေးတယ်။

play

 

ယင်းအနုပညာရှင်များက ငွေဆောင်ကို ရုပ်ရှင်ဇာတ်ကားကြီး တစ်ကား ရိုက်ကူးဖို့ ရောက်ရှိနေကြတာ ဖြစ်ပါတယ်။ အဲ့ဒီဇာတ်ကားကတော့ အာဒံများနှင့် နံရိုးများ ရုပ်ရှင်ဇာတ်ကားရိုက်ကူးဖို့အတွက် ရောက်နေတာဖြစ်ပါတယ်။

အဲ့ဒီဇာတ်ကားကို ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) ရိုက်ကားမှာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

အာဒံများနဲ့ နံရိုးများ ရုပ်ရှင်ဇာတ်ကားကြီးကို The Eye Movies Production က ထုတ်လုပ်ပြီး  ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)က ရိုက်ကူး ပုံဖော် သွားမှာဖြစ်ပြီး သရုပ်ဆောင် လူမင်း၊ ပြေတီဦး၊ မင်းမော်ကွန်း၊ ထွန်းအိန္ဒြာဗို၊ အိန္ဒြာကျော်ဇင် နဲ့ မိုးဟေကိုတို့က အဓိက ပါဝင်သရုပ်ဆောင် သွား မှာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကြီးကို ဒီဇင်ဘာလ ၇ ရက်နေ့မှာ စတင်ရိုက်ကူးသွားမှာဖြစ်ပြီး ရန်ကုန်နဲ့ ငွေဆောင်ကမ်းခြေ မှာ နေရာ တည် ထားတယ်လို့ သိရပါတယ်။

Photo : အိန္ဒြာကျော်ဇင် FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD