ထာဝရအမေ အဖွဲ့သားတွေကတော့ ပရိသတ်တွေနဲ့ တွေ့ဆုံဖို့ အစီအစဉ်တွေရှိပါတယ်တဲ့။ အဲ့ဒီဇာတ်ကားထဲမှာ သရုပ်ဆောင်ထားကြတဲ့ နာမည်ကြီး အနုပညာရှင်များက ပရိသတ်များနဲ့ တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။

အဲ့လိုတွေ့ဆုံမှုကိုလည်း ဒီဇင်ဘာ(၉)ရက်ကနေ (၁၂) ရက်နေ့အထိ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

play

 

ထာဝရအမေ ရုပ်ရှင်ဇာတ်ကားထဲက အထူးသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ အကယ်ဒမီ မေသန်းနု၊ နေတိုး၊ ဝတ်မှုံရွှေရည်တို့က ချစ်တဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံပြီး လက်မှတ်ရေးထိုးသွားမှာ ဖြစ်ပါတယ်။

အဲ့ဒီအစီအစဉ်လေးကိုတော့ ထာဝရအမေ ကို ပုံဖော်တဲ့ ဒါရိုက်စင်ရော်မောင်မောင်ရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ရေးသားထားပါတယ်။

play

 

"ထပ်ဆင့် အကယ်ဒမီ မေသန်းနု

Dec 9 ( စနေနေ့ ) မနက် ၁၁:၃၀ သမ္မတရုပ်ရှင်ရုံ

Dec 10 ( တနင်္ဂနွေ ) ညနေ ၅:၃၀ JCGV ( Junction City)

ထပ်ဆင့် အကယ်ဒမီ နေတိုး

Dec 9 ( စနေနေ့ ) ညနေ ၅:၃၀ သမ္မတရုပ်ရှင်ရုံ

Dec 10 ( တနင်္ဂနွေ ) မနက် ၁၁:၃၀ JCGV

( Junction City)

ထပ်ဆင့် အကယ်ဒမီ ဝတ်မှုန်ရွှေရည်

Dec 11 (တနင်္လာနေ့) ညနေ ၅:၃၀ သမ္မတရုပ်ရှင်ရုံ

Dec 12 ( အင်္ဂါနေ့) ညနေ ၅:၃၀ JCGV

( Junction City) " မှာ တွေ့ဆုံသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

play

 

ထာဝရအမေ ရုပ်ရှင်ဇာတ်ကားကြီးကို ဖန်တီးတဲ့ ဒါရိုက်တာဇင်ရော်မောင်မောင် ကတော့ ဒေါက်တာခင်မောင်ဝင်းကိုယ်တိုင်ရေးသားထားတဲ့ ဝတ္ထုကို ရုပ်ရှင်ဇာတ်ကားကြီးအဖြစ်ဖန်တီးရိုက်ကူးတဲ့အခါ အမေကိုချစ်တဲ့ သားတစ်ယောက်ရဲ့ ဆန္ဒနဲ့ နှလုံးသားကို ရိုက်ခဲ့တာပါဆိုပြီး မီဒီယာတွေကနေတဆင့် ဖွင့်ဟပြောပြခဲ့ပါတယ်။

သူ့အနေနဲ့ ဒီဇာတ်ကားကြီးကို ပြည်ပနိုင်ငံများမှာလည်း သွားရောက်ပြသဖို့အတွက် ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

play

 

အဲ့ဒီဇာတ်ကားကြီးမှာတော့ ၁၂ နှစ်ကြာဝေးကွာနေတဲ့ ဒါရိုက်တာ စင်ရော်မောင်မောင်၊ မေသန်းနု၊ သားဖြစ်သူ မင်းသန့်မောင်မောင်တို့ ပြန်လည် ဆုံစည်း ဖန်တီး ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်လို့ အမှတ်တရများလည်း  ရှိတယ်လို့ သိရပါတယ်။

ထာဝအမေ ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဒီဇင်ဘာ(၈) ရက်နေ့ ဒီနေ့ကစလို့ ရုံတင်ပြသနေပြီလည်း ဖြစ်ပါတယ်။

Photo : စင်ရော်မောင်မောင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video