Seaberg ခရီးသွားကုမ္ပဏီရဲ့ အစီအစဉ်နဲ့ အပန်းဖြေရင်း မှတ်တမ်း ရုပ်ရှင် Documentary တစ်ခု ရိုက်ကူးဖို့ ထွက်သွားကြတဲ့ ရဲတိုက်၊ နေမင်းနဲ့ ခင်ဝင့်ဝါတို့ကတော့ ကော့သောင်းကို ရောက်နေပြီ ဖြစ်ပါတယ်။
သဘာဝ ရှုခင်းအလှတရားကို ခံစားရင် ပျော်နေတဲ့ သူတို့ သုံးယောက်ရဲ့ ပုံလေးတွေကလည်း ချစ်ဖို့အလွန်ကောင်းလှပါတယ်။ နေမင်းကလည်း လွန်ခဲ့တဲ့ နာရီပိုင်းလောက်က သူရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ဓာတ်ပုံလေးတွေ တင်ထားပါတယ်။
ဓာတ်ပုံလေးတွေနဲ့အတူ ယခုလို စာသားလေးကိုလည်း ရေးထားပါသေးတယ်။
‘‘ရဲတိုက်လွတ်တဲ့အချိန်မှာ Relax ဖြစ်မယ့် ခရီးစဉ်လေးတစ် ခုပို့ပေးချင်တဲ့အချိန်မှာ ကုမ္ပဏီ ကနေ ရဲတိုက်အတွက် Relax ဖြစ် အောင်၊ ကုမ္ပဏီအတွက်လည်း အလုပ်ဖြစ်အောင် ခရီးစီစဉ်ပေး တယ်။ အဲဒီကနေမှ တခြားသူတွေ ပါ ထပ်ထည့်ရအောင်ဆိုပြီး နေ မင်းနဲ့ ခင်ဝင့်ဝါပါ ထပ်ခေါ်ဖြစ် တယ်။ အဓိကကုမ္ပဏီအတွက် လည်း ဓာတ်ပုံလေးတွေရိုက်ရင်း အပန်းဖြေခရီးသွားတဲ့ပုံစံမျိုးလေး ပါ။ အပန်းဖြေခရီးပို့မယ်လို့ အစီ အစဉ်ဆွဲရင်း ဒီ Documentary လေးဖြစ်လာတာပါ’’ ဆိုပြီးတော့ ခရီးစထွက်တဲ့နေ့က ဒါရိုက်တာ ဉာဏက ဆိုပါတယ်။
သူတို့ရဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်များအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။
Photo : နေမင်း FB