အိချောပိုက လက်ရှိမှာ စစ်ကိုမုန်း၍တိုက်ခဲ့သည် ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးနေတယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် လေ့ကျင့်မှုတွေလည်း လုပ်နေရသလို ရိုက်ကွင်းပေါ်က ပုံရိပ်လေးတွေကိုလည်း တင်ထားတာ တွေ့ရပါတယ်။

ပုံလေးတွေ တင်ထားသလို သူမရဲ့ ပရိသတ်များအတွက် ယခုလို စာသားလေးကိုလည်း ရေးသာထားပါတယ်။

play

 

"စစ်ကိုမုန်း၍ တိုက်ခဲ့သည် ဇာတ်ကားအတွက် ကြိုးစားနေပါကြောင်းးးး

အရာရာ perfect မဖြစ်သေးတော့ လိုအပ်တာလေးတွေ ပြင်ဆင်မှုလေးတွေ မပြည့်စုံသေးရင် နားလည်ပေးပါလို့ ကြိုတင်တောင်းပန်ပါတယ်ရှင့်." ဆိုပြီး ပြောထားတာတွေ့ရပါတယ်။

အဲ့ဒီဇာတ်ကားကို ရန်ကုန်မြို့ ဘောက်ထော်မှာမှတ်တမ်းရုံးမှာ ရိုက်ကူးနေတာလည်း ဖြစ်ပါတယ်။ ယင်းဇာတ်ကားထဲမှာ အနုပညာရှင်များစွာ ပါဝင်ထားပါတယ်။

play

 

သူမရဲ့ ရိုက်ကွင်းပေါ်က ပုံရိပ်လေးတွေဟာလည်း ပရိသတ်အားပေးမှု ရရှိထားပါသေးတယ်။

မကြာခင်မှာလည်း သူမပါဝင်သရုပ်ဆောင်ထားတဲ့ 3Girls ရုပ်ရှင်ဇာတ်ကားကြီးဟာလည်း ရုံတင်ပြသတော့မှာပါ။ အဲ့ဒီဇာတ်ကားမှာ သူမက မိုးစက်ချိုဆိုတဲ့ ကောင်မလေး နေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်။

play

 

ဒါရိုက်တာ ဝိုင်း ရိုက်ကူးထားတဲ့ 3Girls ဇာတ်ကားဟာ ပရိသတ်များရဲ့ စိတ်ဝင်စားမှုကို ရရှိနေရုံသာမက ပါဝင်တဲ့ သရုပ်တွေကိုယ်တိုင် ရင်ခုန်စိတ်လှုပ်ရှားမိနေတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။

အဲ့ဒီဇာတ်ကားမှာတော့ မင်းသားသစ်တစ်ယောက်ဖြစ်တဲ့ အလင်းရောင်ကို ခေါင်းဆောင်မင်းသားအဖြစ် တင်ရိုက်ထားပြီး နာမည်ကြီး အနုပညာရှင်များဖြစ်ကြတဲ့ ဖွေးဖွေး၊ အိချောပို၊ ပိုင်ဖြိုးသုတို့က မတူကွဲပြားတဲ့ သရုပ်ဆောင်မှုတွေနဲ့ ပရိသတ်တွေကို ဘယ်လို ဆွဲဆောင်နိုင်မလဲဆိုတာ ရင်ခုန်စရာကောင်းလှပါတယ်။

play

 

3Girls ရုပ်ရှင်ဇာတ်ကားကြီးကို ဒီဇင်ဘာ(၁၅) ရက်နေ့ကစပြီး မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

Photo : အိချောပို FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video