သီချင်းအေးအေးတွေနဲ့ ပရိသတ်တွေကို ယနေ့ထိတိုင် ဆွဲဆောင်ထားနိုင်သူ အဆိုတော် ဂရေဟမ်ကတော့ မိသားစုနဲ့အတူ လွိုင်ကော်ကို ရောက်နေတယ်လို့ သိရပါတယ်။

ချစ်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားသလို သူတို့ မိသားစုလေးကို မြင်ရတာ ကြည်နူးဖို့လည်း ကောင်းလှပါတယ်။

play

 

လက်ရှိမှာ ဂရေဟမ်တို့ မိသားစုလေးဟာ လွိုင်ကော်မြို့သို့ ရောက်ရှိနေတယ်လို့ သိရပါတယ်။ လွိုင်ကော်ကို ရောက်နေကြောင်း ဂရေဟမ် ရဲ့ သမီးကြီး ပန်းရောင်ခြယ်ရဲ့ ဖေ့စ်ဘွတ်မှာ ဓာတ်ပုံလေးတွေ တင်ထားတာ တွေ့ရပါတယ်။

သူတို့ မိသားစု ပုံရိပ်လေးတွေကို ပရိသတ်များအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

play

 

အဖေနဲ့အမေတို့ရဲ့ အလှတွေကို အကုန်လုံး ရထားကြတဲ့ သမီးလေးနှစ်ယောက်ကလည်း ပရိသတ်တွေနဲ့ ရင်းနှီးနေပြီ ဖြစ်ပါတယ်။ သမီးကြီး ပန်းရောင်ခြယ်ကတော့ အနုပညာလမ်းကြောင်းပေါ်ကို ရောက်ရှိလို့ လာပါပြီ။

အဖေ့ခြေရာကို နင်းမယ့် သမီးပန်းရောင်ခြယ်ကတော့ ဂီတလောကမှာ ပရိသတ်တွေ သတိမိပြီး အားပေးမှုကို ရရှိထားတဲ့ အဆိုတော်လေး တစ်ယောက်ဖြစ်ပါတယ်။

play

 

ပန်းရောင်ခြယ်ကို ပရိသတ်တွေ သတိထားမိသွားတာကတော့ ဂရေဟမ်နဲ့အတူ တွဲဆိုထားတဲ့ Wake up Daddy ဆိုတဲ့ သီချင်းကစလို့ပါပဲ။ အခုတော့ သူမဟာ တစ်ကိုယ်တော်အခွေအတွက် ပြင်ဆင်နေတယ်လို့လည်း

သိရပါတယ်။

လက်ရှိမှာတော့ ဂရေဟမ်မှာ သမီးရဲ့ တစ်ကိုယ်တော်အခွေ ပြင်ဆင်မှုနေရာမှာလည်း ဝင်ရောက်ကူညီပေးနေတယ်လို့ သိရပါတယ်။

play

 

အဆိုတော်ဂရေဟမ်နဲ့ သမီးဖြစ်သူ ပန်းရောင်ခြယ်တို့ အတူ သီဆိုထားတဲ့  "Wake up Daddy " ဟာ  ၂၀၁၅ ခုနှစ်ကတည်းက အော်ဒီယို ထွက်ရှိထားပြီး ပရိသတ်အားပေးမှု ရရှိထားတဲ့ အခွေလည်း ဖြစ်သလို ပန်းရောင်ခြယ်ကို ပရိသတ်တွေ သိစေခဲ့တဲ့ သီချင်းခွေလည်း ဖြစ်ပါတယ်။

Photo : ပန်းရောင်ခြယ် FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video