သရုပ်ဆောင် မေပန်းချီက ဒီဇင်ဘာ(၁၃) ရက်နေ့မှာ ကျရောက်မယ့် သူမရဲ့ မွေးနေ့ကို အလှူအတန်းတွေနဲ့ ဖြတ်သန်းသွားမယ်လို့ ဆိုပါတယ်။

သူမရဲ့ မွေးနေ့လေးမှာ ကလေးများနဲ့ အဘိုးအဘွားတွေကို အလှူဒါနပြုမယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ပြောပြထားပါတယ်။

play

 

မွေးနေ့လေးမှာတော့ နံနက် (၆) နာရီကစလို့ သူမချစ်ရတဲ့ NAC (HIV) AIDS Care center က ကလးတွေနဲ့အတူမနက်စာလှူဒါန်းပြီး (၈)နာရီအထိအတူတူကလေးတွေနဲ့ရှိနေမှာပါတဲ့။

ပြီးတာနဲ့ နေ့ဆွမ်းကပ်တရားနာပြီးတာနဲ့ နေ့လည်(၁၂)နာရီလောက်မှာ သန်လျင် လုမ္မနီဘိုးဘွားရိပ်သာမှာ သူမချစ်ရတဲ့ ဖိုးဖိုးဖွားဖွားတွေနဲက နေ့လည်စာလှူဒါန်းမှာ ဖြစ်တယ်ဆိုပြီး ပြောပါတယ်။

play

 

"နံနက်(၆)နာရီ မှာ ကျွန်မချစ်တဲ့ NAC (HIV) AIDS Care center က ကလးတွေနဲ့အတူမနက်စာလှူဒါန်းပြီး (၈)နာရီအထိအတူတူ က လေးတွေနဲ့ရှိနေမှာပါ။ နံနက်(၁၀)နာရီမှာမွေးနေ့ဆွမ်းကပ်တရားတော်နာကို Kate Amazing Jeans Shop မှာပြုလုပ်မှာဖြစ်ပြီး နေ့လည် (၁၂) နာရီမှာတော့ သန်လျင်လုမ္မနီဘိုးဘွားရိပ်သာမှာ ကျွန်မချစ်တဲ့ ဖိုးဖိုးဖွားဖွားတွေကို နေ့လည်စာလှုဒါန်းမှာ ဖြစ်ပါတယ်ရှင်။

နေ့လည် (၃)နာရီမှာ လိုင်သာယာမှာရှိတဲ့ ကလေးများကို ကြိုက်တဲ့သူဝင်စားနိုင်တဲ့ စတုဒီသာထမင်းဟင်းများ လှူဒါန်းမှာဖြစ်ပါတယ်။" ဆိုပြီး မေပန်းချီ က ပြောပြထားပါတယ်။

play

 

ကလေးတွေ ဘိုးဘွားတွေနဲ့ မွေးနေ့ကို တစ်နေ့ကုန် ဖြတ်သန်းပြီးနောက် ညနေ(၆)နာရီကျရင်တော့ သူမချစ်ရတဲ့ မိတ်ဆွေတွေနဲ့အတူ ဖြတ်သန်းမှာပါလို့ ဆိုပါတယ်။

သူမရဲ့ မွေးနေ့မှာ ပြုလုပ်တဲ့ အလှူဒါနများဟာ သူမရဲ့ အနုပညာနဲ့ ပတ်သတ်တဲ့ ပိုက်ဆံများဖြစ်တာကြောင့် အားပေးတဲ့ ပရိသတ်တွေအပြင် (၇) ရက်သားသမီးများအားလုံးနဲ့ သတ်ဆိုင်ကြတဲ့ သာဓုခေါ်နိုင်ဖို့ကိုလည်း သူမက ပြောပြထားတာ ဖြစ်ပါတယ်။

Photo : မေပန်းချီ FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video