စာရေးဆရာ ချစ်ဦးညိုရဲ့ "လင်္ကလာဒီပချစ်သူ" ဇာတ်လမ်းကို စင်တင်ပြဇာတ်အဖြစ် တင်ဆက်မယ်လို့ သိရပါတယ်။ အဲ့ဒီပြဇာတ်မှာ ဝါရင့်အနုပညာရှင်ကြီးတွေ ပါဝင်ထားသလို နာမည်ကြီး အနုပညာရှင်များလည်း ပါဝင်မှာ ဖြစ်ပါတယ်။

လင်္ကာဒီပချစ်သူ စင်တင်ပြဇာတ်ကို မန္တလေးမြို့တွင် ဇန်နဝါရီ (၃၀) ရက်နေ့နဲ့ (၃၁) ရက်နေ့တို့မှာ ကပြဖျော်ဖြေသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

ယင်းအစီအစဉ်ကို မန္တလေး အင်တာတိန်းမန့်က စီစဉ်ပြုလုပ်ခြင်းဖြစ်ကာ ဇာတ်ညွှန်းကို စာရေးဆရာ ချစ်ဦးညိုရဲ့ သား လင်္ကာညိုက ရေးသားကာ ဒါရိုက်တာ အဖြစ် သရုပ်ဆောင် ဇာနည်က ဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီပြဇာတ်နဲ့ ပတ်သက်ပြီး ပါဝင်မယ့်သရုပ်ဆောင် ကျော်သူက ယခုလိုလည်း ပြောပြထားပါသေးတယ်။

play

 

"လင်္ကာဒီပ အသက်စသွင်းပြီ။

ယနေ့နံနက်(၉:၀၀)နာရီတွင် နိုဗိုတယ်ဟိုတယ်တွင် ဆရာချစ်ဦးညို၏ လင်္ကာဒီပချစ်သူအားမန္တလေးမြို့တွင် စင်တင်ပြဇာတ်ကပြရန် အတွက် စာနယ်ဇင်းတွေ့ဆုံပွဲပြုလုပ်ခဲ့ပါသည်။

ယင်းပြဇာတ်တွင်ကျွန်တော်ကျော်သူသည်ဦး ရီးတော်မာရဇ္ဇအဖြစ်ပါဝင်ကပြရမည်ဖြစ်သည်။" ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

play

 

လင်္ကာဒီပချစ်သူ ပြဇာတ်မှာတော့ ကျော်သူ၊ လူမင်း၊ သူထူးစံ၊ ကျော်ကျော်ဗို၊ ကျော်ကျော်၊ ခိုင်သင်းကြည်၊ ဝတ်မှုံရွှေရည်တို့အပြင် အခြားသော အနုပညာရှင်များစွာ ပါဝင်တက်ဆက်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

Photo : ကျော်သူ FB၊ လင်္ကာညို FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video