Sanre အဖွဲ့ဝင် ဖြိုးလေးကတော့ ချစ်သူကောင်မလေး ဝါဆိုမိုးဦးဆီက လက်ဆောင်ရလို့ ပျော်နေပါတယ်။ ချစ်သူသက်တမ်း (၂)နှစ်ပြည့် အနေနဲ့ ဝါဆိုမိုးဦးက ဖြိုးလေးကို ပေးခဲ့တာ ဖြစ်ပါတယ။်

ဖြိုးလေးကလည်း ဝါဆိုမိုးဦး ပေးတဲ့ လက်ဆောင်လေးကို ဓာတ်ပုံရိုက်ပြီး သူ့ရဲ့ဖေ့စ်ဘွတ်မှာ တင်ထားပါသေးတယ်။

play

 

ဝါဆိုမိုးဦးကတော့ ဖြိုးလေးအတွက် ပေးလိုက်တဲ့ လက်ဆောင်လေးကတော့ yeezy Boots350V2 ဖြစ်ပါတယ်။ ဖြိုးလေးကတော့ ပျော်နေပါတယ်။

ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ တွဲနေတာကတော့ (၂)နှစ်ကျော်ပါပြီ။ ဝါဆိုရဲ့ အသက်(၂၃) နှစ်ပြည့် မွေးနေ့တုန်းကလည်း ဖြိုးလေးက မွေးနေ့ Surprise လုပ်ပေးခဲ့ပါသေးတယ်။

play

 

သူမရဲ့ မွေးနေ့မှာတော့ ချစ်သူ ဖြိုးလေးက လက်စွပ်နဲ့ ပန်းစည်းလေးကို လက်ဆောင်ပေးခဲ့တာပါတယ်။ သူတို့စုံတွဲကို ကြည့်ရတာ တကယ့်ကို ကြည်နူးဖို့ ကောင်းပါတယ်။

နှစ်ဦးစလုံးဟာ အနုပညာနယ်ပယ်မှာ အောင်မြင်နေသူတွေ ဖြစ်သလို ပရိသတ်အားပေးမှု ရရှိထားတဲ့ သူတွေလည်း ဖြစ်ပါတယ်။ ဖြိုးလေးကတော့ Snare အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး Genius ရဲ့ CEO တစ်ယောက်လည်း ဖြစ်ပါတယ်။

play

 

ဝါဆိုမိုးဦး ကတော့ ကလေးသရုပ်ဆောင်ကနေ သရုပ်ဆောင်လောကမှာ နေရာတစ်နေရာရရှိထားသူ တစ်ဦးဖြစ်သလို မော်ဒယ်လောက မှာလည်း အောင်မြင်သူ တစ်ယောက်ဖြစ်ပြီး သီချင်းဘက်မှာလည်း ဝါသနာပါသူ တစ်ယောက်ဖြစ်ပြီး "မိုက်လားပြောကြည့်" သီချင်းခွေကို ထွက်ရှိထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။

Photo : ဖြိုးလေး FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video